နောက်ဆုံး ရေးသားချိန် 4 ဇူလိုင်လ 2011 - 15:53 GMT

ဆီးရီးယား လမ်းမတွေပေါ် တိုက်ပွဲဖြစ်

refugee

ဆီးရီးယားဒုက္ခသည်တွေကတော့ တူရကီဘက်ကို ထွက်ပြေးဆဲ

ဆီးရီးယားနိုင်ငံ၊ ဟားမားမြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးအဖွဲ့တွေကြား လမ်းပေါ်မှာ ပြေးရင်းလွှားရင်း တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆီးရီးယားက လာတဲ့သတင်း တွေအရ သိရပါတယ်။

အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုကြီးတစ်ခုဖြစ်ပြီး သုံးရက်အကြာမှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်လာတာပါ။

တနင်္လာနေ့ စောစောပိုင်းက လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲနဲ့ စစ်သားတွေ မြို့ထဲဝင်လာပြီး လူ ၂၀ လောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအချိန်မှာ လူငယ်အုပ်စုတွေက လမ်းတွေပေါ်ထွက်လာပြီး လုံခြုံရေးတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ လူငယ်တွေဟာ လုံခြုံရေးတွေကို ခဲနဲ့ပစ်ပေါက်ခဲ့သလို လမ်းတွေကိုလည်း ပိတ်ဆို့ခဲ့ကြပါတယ်။

ဟားမားမြို့ကို ဝိုင်းရံထားတဲ့ လုံခြုံရေးတပ်တွေရဲ့ သံချပ်ကာကားတွေနဲ့ စစ်သုံးယဉ်တွေကတော့ အခုအခါမှာ မြောက်ပိုင်းက ခရိုင်တစ်ခုဖြစ်တဲ့ အစ်ဒလစ် ဘက်ဆီကို သွားနေတယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။