နောက်ဆုံး ရေးသားချိန် 8 ဇွန်လ 2011 - 01:16 GMT

UK ပြည်တွင်းဖြစ် အကြမ်းဖက် အုပ်စု အတွက်ဗျူဟာ

Threasa May

အကြမ်းဖက် ဗျူဟာသစ်ကို လွှတ်တော်မှာ ကြေညာ

ဗြိတိန် နိုင်ငံထဲမှာ ပေါက်ဖွားတဲ့ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဝါဒကို ရင်ဆိုင် တိုက်ဖျက်ဖို့ ဗြိတိသျှ ပြည်ထဲရေး ဝန်ကြီး ထရီစာမေက နည်း ဗျူဟာသစ်တွေကို ကြေညာခဲ့ပါတယ်။

လူတွေကို တက္ကသိုလ်တွေ၊ ဆေးရုံတွေနဲ့ အကျဉ်း ထောင်တွေမှာ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဝါဒကို တိမ်းညွတ် သွားစေတဲ့ ဖြစ်ရပ်မျိုးတွေကို ခုနည်းဗျူဟာသစ်နဲ့ တားဆီး ဟန့်တားမှာ ဖြစ်တယ်လို့ ထရီစာမေက ပြောပါတယ်။

အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်မှု ဝါဒကို အားပေးအားမြှောက် ပြုမှု၊ ထောက်ခံမှုတွေ လုပ်ရင် တရားစွဲမှာ ဖြစ်ပြီး အစွန်းရောက် အမြင် ရှိသူတွေကို ဗြိတိန် နိုင်ငံကို ဝင်ခွင့် ပိတ်မယ်လို့ ပြောပါတယ်။

ဗြိတိန်က ဇူလိုင် ရ ရက် အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ပြည်တွင်းမှာ မွေးတဲ့ အစ္စလာမ် အစွန်းရောက်တွေက ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

အရင် လေဘာ အစိုးရတုန်းက အစွန်းရောက် အမြင်ရှိတဲ့ အဖွဲ့အစည်းတွေကို ရံပုံငွေ တောင်းခံနိုင်အောင် ခွင့်ပြု ထားခဲ့မှုတွေကိုလည်း ထရီစာမေက ပြစ်တင် ဝေဖန် သွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။