နောက်ဆုံး ရေးသားချိန် 7 ဇွန်လ 2011 - 00:55 GMT

ဒဏ်ရာရ သမ္မတ ဆာလေး ရာထူးက ဆင်းမပေး

ယီမင်က ဆန္ဒပြသမားတွေ သမ္မတ ဆာလေး ဆင်းပေးဖို့ တောင်းဆိုဆဲ

ယီမင်နိုင်ငံမှာ သမ္မတ Ali Abudullah Saleh အနေနဲ့ ချက်ချင်း အာဏာ လွှဲပေးသင့်တယ်လို့ အမေရိကန် ပြည်ထောင်စုက ယူဆကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။

သောကြာနေ့တုန်းက ဆန်နာ့မြို့က သမ္မတအိမ်တော်ဝန်းကို တိုက်ခိုက် ခံရခဲ့ပြီး မစ္စတာ ဆာလေး ဒဏ်ရာရသွားခဲ့တာကြောင့် အခုအခါ ဆော်ဒီ အာရေဗျမှာ ဆေးကုသခံယူ နေရတာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့ နိုင်ငံများ ကောင်စီက ကြားဝင်စေ့စပ်ပေးနေတဲ့ သမ္မတ ဆာလေး ရာထူးက ဆင်းပေးရေး အစီအစဉ်ကို သူက လက်ခံဖို့ ငြင်းဆိုနေဆဲ ဖြစ်ပေမယ့် ဆော်ဒီ အာဏာပိုင်တွေက အပေးအယူ ကိစ္စတွေမှာ တိုးတက်မှု ရှိနေတယ်လို့ ပြောပါတယ်။

ယီမင်နိုင်ငံက မငြိမ်မသက်မှု တွေကြောင့် ဗြိတိန် နိုင်ငံသား တွေကို ကယ်ထုတ် နိုင်အောင် ယီမင် ကမ်းရိုးတမ်းမှာ ဗြိတိသျှ စစ်သားတွေ အဆင်သင့် ရောက်နေပြီလို့ စစ်ဖက် ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

လိုအပ်ရင် အကူအညီ ပေးနိုင်အောင် စစ်သည် ဂဝ ပါတဲ့ ဗြိတိသျှ စစ်သင်္ဘော တစင်း အဲဒီဒေသမှာ ရောက်နေပြီလို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး လန်ဒန်မှာရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဝေဖန်ချက် ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။