
ရာထူး နှုတ်ထွက်ဖို့ ဆန္ဒပြ တောင်းဆိုခံရသူ ယီမင် သမ္မတ မစ္စတာ ဆာလေး
ပြီးခဲ့တဲ့ အပတ်တုန်းက အတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့ပြီး ဆော်ဒီအာရေဗျမှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ယီမင် သမ္မတ အားလီ အဗ္ဗဒူလာ ဆာလေး ဟာ မကြာခင်မှာ ယီမင်ကို သေချာပေါက် ပြန်လာမှာ ဖြစ်တယ်လို့ ယီမင် အစိုးရ ဝန်ကြီးတွေက ပြောလိုက်ပါတယ်။
သမ္မတ ဆာလေးဟာ အခုအခါ ပြန်သက်သာလာပြီး ဆယ်ရက်အတွင်း ပြန်လာနိုင်တော့မယ်လို့ စက်မှုကုန်သွယ်ဝန်ကြီး ဟီရှန်မ် ရှာရတ်ဖ်က ဘီဘီစီကို ပြောပါတယ်။
အတိုက်အခံ ဆန္ဒပြသူတွေက သမ္မတဆာလေးကို ရာထူးကနှုတ်ထွက်ပေးဖို့ တောင်းဆိုကြပေမဲ့ သမ္မတအနေနဲ့ နိုင်ငံခြားမှာ ထွက်ပြေးခိုလှုံစရာဘာအကြောင်းမှ မရှိဘူးလို့ ဝန်ကြီးက ပြောပါတယ်။
သမ္မတဆာလေးကိုထောက်ခံသူတွေကတော့ သမ္မတကို ထောက်ခံစာနာ ကြောင်းပြသတဲ့ အနေနဲ့ တရက်တာ အစာငတ်ခံကြဖို့ ကြေငြာထားပါတယ်။

