နောက်ဆုံး ရေးသားချိန် 6 ဇွန်လ 2011 - 16:34 GMT

ပါကစ္စတန် နိုင်ငံတွင်း နေတိုးတိုက်ခိုက်မှု

pakistan drone

နေတိုးက အသုံးပြုလေ့ရှိတဲ့ လူမဲ့ တိုက်လေယာဉ်

ပါကစ္စတန် အနောက်မြောက်ပိုင်း လူမျိုးစုဒေသမှာ အမည်ပေးမထားတဲ့ အမေရိကန် စစ်ရဟတ်ယာဉ်တွေရဲ့ သီးခြားတိုက်ခိုက်မှုသုံးခုကြောင့် လူပေါင်း ၁၈ ယောက်သေဆုံးခဲ့ပါတယ်။

ဝါဇီရဇ္ဇတန် တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီမနက် တိုက်ခိုက်မှုတွေဟာ ဝါနာမြို့အနီးက အစ္စလာမ် ဘာသာရေးသင်တန်းကျောင်း တကျောင်း၊ အရပ်ဘက် နေအိမ်တအိမ်နဲ့ အာဖဂန်နယ်စပ် အနီးမှာ စစ်သွေးကြွတွေကို သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ ကားတစီးတို့ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား စစ်သွေးကြွတွေပါဝင်နေတယ်လို့ သတင်းတချို့ က ခေါ်ပါတယ်။

သောကြာနေ့တုန်းကလည်း အမေရိကန်ရဲ့ အလားတူ တိုက်ခိုက်မှုတခုမှာ အယ်ခိုင်းဒါး ထပ်တန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ အီးလီးယတ်စ် ကတ်ရှ်မာရီ ကို သတ်ဖြစ်နိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။