
ဝီလီယံ ဟိဂ်
ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံဟိဂ် ဟာ လစ်ဗျား နိုင်ငံက သူပုန်တွေ ထိန်းချုပ် ထားတဲ့ ဘင်ဂါဇီမြို့ကိုရောက်ရှိနေပါတယ်။
ဒါဟာ ဒီတပတ် အတွင်းမှာ အဲဒီ ဒေသကို စတုတ္ထမြောက် ရာထူး အကြီးဆုံး နိုင်ငံ ခြား ကိုယ်စားလှယ် အဖွဲ့ ရောက် ရှိလာတာ ပဲဖြစ် ပါတယ်။
မစ္စတာ ဟိဂ်နဲ့ အတူ ဗြိတိသျှ အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီး အန်ဒရူး မစ်ချယ်လ် လဲ လိုက်ပါလာ ပါတယ်။
သူတို့က ဒီခရီးစဉ်ဟာ ဖြင့် လစ်ဗျား ပြည်သူ တွေကို သူတို့ တွေက အားပေး ထောက်ခံတယ် ဆိုတာကို ပြဖို့ ဖြစ်တယ် လို့ ဆိုပါတယ်။ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယံ ဟိဂ်က ဒီ လစ်ဗျား အရေး အပါအဝင် ဘယ် အရေး ကိစ္စ မှာ မဆို စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေး နည်းလမ်း နဲ့သာ အဖြေရှာ လိုကြောင်း နဲ့ ဒီလို ဖြစ်လာ ဖို့ကလဲ ဗိုလ်မှူးကြီး ကဒါဖီ ဆင်း ပေး မှသာ ဖြစ်မှာ ဖြစ်ကြောင်း တွေကို ပြောသွား ပါတယ်။
လစ်ဗျား အစိုးရ ကတော့ ဒီ မစ္စတာ ဟိဂ်ရဲ့ ခရီးစဉ်ဟာ တရား မဝင် ကြောင်းနဲ့ အပြည်ပြည် ဆိုင်ရာ သဘော တူညီ ချက်တွေကို ခြိုးဖောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

