နောက်ဆုံး ရေးသားချိန် 4 ဇွန်လ 2011 - 00:51 GMT

ယီမင် သမ္မတအိမ် ဒုံးကျ ပြီး အများအပြား ဒဏ်ရာရ

Yemen

သမ္မတ အိမ်ဝင်း ဗုံးကြ လူ ၇ ယောက်သေ

ယီမင် နိုင်ငံ ဆာနားမြို့တော် သမ္မတ အိမ်တော်ဝင်းထဲက ဗလီ ကို ဒုံးကျည်ကျ ပြီးနောက် သမ္မတ အလီ ဆာလေးက သူ အထိအခိုက် မရှိဘူးလို့ အသံ သွင်း တိပ်ခွေ က တဆင့် တနိုင်ငံလုံးကို လွှင့်ထုတ် အသိ ပေးခဲ့ ပါတယ်။

ယီမင်နိုင်ငံ က အကြမ်းဖက် တိုက်ခိုက်မှု တွေ ဟာ တနေ့တခြား ပိုဆိုးလာခဲ့ပြီး သူ့ရဲ့ အိမ်တော် ဝင်းကို တိုက်ရိုက် တိုက်ခိုက် မှု မှာ သူ ဒဏ်ရာ ရသွားတယ် ဆိုတဲ့ သတင်း တွေ ပေါ်ထွက် လာခဲ့ ပါတယ်။

သူ့အိမ်တော် ကို စောင့်ကြပ်တဲ့ အစောင့် ခုနှစ်ယောက် သေဆုံးသွားတယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက် လာခဲ့ပြီး ဒုတိယ ဝန်ကြီးချုပ် ရာရှတ် အယ်လ အလီမီ အပါအဝင် အစိုးရ ထိပ်တန်း အဖွဲ့ဝင်တွေ ဒဏ်ရာ ရသွား တယ်လို့ သိရ ပါတယ်။

သမ္မတ ဆာလေးက သူ့ရဲ့ ရန်သူ ဖြစ်တဲ့ ဥပဒေ အပြင်ဘက်က လူမျိုးစု လက်နက်ကိုင် အဖွဲ့ တွေ လက်ချက်လို့ စွပ်စွဲ ပေမယ့် ကာယကံရှင် တွေ ဘက် ကတော့ ငြင်း ပါတယ်။

ဒီ အတောအတွင်း မှာဘဲ အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက် ရေး ကောင်စီတို့က ယီမင်မှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆို ခဲ့ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။