နောက်ဆုံး ရေးသားချိန် 4 ဇွန်လ 2011 - 14:14 GMT

တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရေတပ် တိုးချမယ်

အငြင်းပွားမှု တိုးပွားလာနေတာကို စိုးရိမ်ကြောင်း မစ္စတာ ဂိတ်ပြောကြား

တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်ကိစ္စနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ တိုးပွားလာ နေတဲ့ အတွက် အမေရိကန် အနေနဲ့ သူတို့ရဲ့ ရေတပ်ကို အဲဒီဒေသမှာ တိုးချဲ့ချထားဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောကြားလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ မစ္စတာ ဂိတ်စ်က သူတို့ရဲ့ မဟာမိတ် နိုင်ငံတွေနဲ့ သင်္ဘော ကုန်သွယ်မှု လမ်းကြောင်း လုံခြုံရေးအတွက် နောက်ထပ် သင်္ဘောတွေ၊ မောင်းသူမယ့် စောင့်ကြည့်ရေး လေယာဉ်တွေနဲ့ တခြား ကာကွယ်ရေး ဆိုင်ရာ နည်းပညာ တွေကို ချထားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါ တယ်။

အဲဒီဒေသက ကျွန်းငယ်တွေနဲ့ ကျောက်တန်းအများအပြားကို တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံ တွေက သူပိုင်ငါပိုင် အငြင်းပွားနေမှုဟာ တိုးမြှင့်လာနိုင်တဲ့အပေါ် စိုးရိမ်ကြောင်း မစ္စတာ ဂိတ်က ပြောကြားသွားပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးကတော့ သူတို့အနေနဲ့ အခုကိစ္စကို ငြိမ်ချမ်းတဲ့နည်းနဲ့ ဖြေရှင်း ချင်တယ်လို့ အဲဒီညီလာခံမှာ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။