
မကြာသေးခင်က playstaion တိုက်ခိုက်ခံခဲ့ရ
ကွန်ပြူတာထဲက သတင်း အချက်အလက် တွေ ခိုးယူနေတဲ့ အုပ်စုတစုက Sony ဂျပန် အီလက်ထရောနစ် ကုမ္ပဏီကြီးရဲ့ website အသုံးပြုသူတွေ ဆီက passwords တွေ ၊email လိပ်စာတွေ၊ တခြား သတင်း အချက်အလက်တွေ တသန်းကျော်လောက် ကို သူတို့ ရထားပြီလို့ ပြောပါတယ်။
Lulz Security လို့ ကိုယ့်ကိုကိုယ် ခေါ်တဲ့ အုပ်စု တခုက အခုနောက်ဆုံးလုပ်ရပ်ဟာ သူတို့ လက်ချက်လို့ ပြောပါတယ်။
အခုလို Sony ကုမ္ပဏီကြီးရဲ့ လူကြိုက်များတဲ့ Sonypictures-dot-com website စာမျက်နှာ ကို ပစ်မှတ်ထား တိုက်ခိုက်လိုက်တာဟာ လတ်တလော သီတင်းပတ်တွေ အတွင်း Sony ကုမ္မဏီကို ကွန်ပြူတာကနေ ဆက်တိုက် တိုက်ခိုက်နေမှုတွေမှာ အခု နောက်ဆုံး တိုက်ခိုက်မှု ဖြစ်ပါတယ်။
ဧပြီလတုန်းကလည်း ကွန်ပြူတာ သတင်း အချက်အလက် ခိုးယူသူတွေက Sony ကုမ္မဏီရဲ့ playstation ကွန်ယက်ထဲ ခိုးဝင်ပြီး ကွန်ယက်သုံးသူ ၇၇ သန်းကျော်ရဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေကို ခိုးယူခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုဟာ အင်တာနက် သမိုင်းမှာ အကြီးမားဆုံး တိုက်ခိုက်မှုကြီး ဖြစ်တယ်လို့ ယူဆရပြီး playstation ကွန်ယက်နဲ့ တခြား ဝန်ဆောင်မှု လုပ်ငန်း တွေကို ပိတ်ပစ် ခဲ့ရ ပါတယ်။
အခုလို သတင်းအချက်အလက်တွေ ခိုးယူ ခံခဲ့ရတဲ့အတွက် အမြတ်ငွေ ဒေါ်လာ သန်း၁၇၀ လောက် ထိခိုက် နစ်နာသွားလိမ့်မယ်လို့ Sony ကုမ္ပဏီက တွက်ဆထားပါတယ်။
အခု တိုက်ခိုက်မှုဟာ သူတို့ လက်ချက် ဖြစ်တယ်ဆိုတဲ့ Lulz Security ရဲ့ ကြေညာချက်ကို Sony ကုမ္မဏီက တွေ့ကြောင်းနဲ့ စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

