ဘော့စနီးယား ဆာ့ဘ် တပ်မှူးကြီးဟောင်း ရတ်ကို မလာဒစ်ချ်က ၁၉၉၀ ပြည့်လွန်နှစ်များ ကာလက ဘော့စနီးယားစစ်ပွဲအတွင်း လူမျိုးတုန်း သတ်ဖြတ်မှု အပါအဝင် သူ့အပေါ် စွဲချက်တွေနဲ့ ပတ်သက်လို့ အယူခံဝင်ဖို့ ငြင်းဆိုခဲ့ ပါတယ်။

သူ ကျန်းမာရေး မကောင်းဘူးလို့ မလာဒစ်ချ် ပြော
The Hague မြို့က စစ်ရာဇဝတ် ခုံရုံး ရှေ့မှောက်ကို ပထမဆုံး ရောက်လာခဲ့စဉ် ဗိုလ်ချုပ်ကြီးဟောင်း မလာဒစ်ချ်က သူ့အပေါ် ပြုလုပ်ထားတဲ့ မနှစ်မြို့ဖွယ်ရာ စွဲချက်တွေ ကို နားလည် နိုင်အောင် အချိန်ယူဖို့ လိုအပ်တယ်လို့ ပြောခဲ့ ပါတယ်။
သူ့အနေနဲ့ ဘာကိုမှ စိုးရွံ့မှု မရှိဘူး၊ သူဟာ တိုင်းပြည်နဲ့ လူထုကို ကာကွယ်ခဲ့တာ ဖြစ်တယ် လို့ ဗိုလ်ချုပ်ကြီးဟောင်း မလာဒစ်ချ်က တရားရုံးမှာ ပြောပါတယ်။
မစ္စတာ မလာဒစ်ချ်က အနည်းငယ် တုန်လှုပ်နေတဲ့ အသံနဲ့ သူဟာ ကျန်းမာရေး အလွန်ချွတ်ယွင်း နေသူ တစ်ယောက် ဖြစ်တယ်လို့ လည်း ဖော်ပြခဲ့ ပါတယ်။

