နောက်ဆုံး ရေးသားချိန် 3 ဇွန်လ 2011 - 16:21 GMT

ဆိုက်ဘာ စစ်ပွဲ အရေးကြီးတယ်လို့ တရုတ် စစ်တပ်ပြော

သတင်း ခေတ်ရဲ့ ဗျူဟာ မြောက် တိုက်ပွဲလို့ ခေါ်ဆိုတဲ့ ဆိုက်ဘာ စစ်ပွဲရဲ့ အရေးပါပုံကို တရုတ် စစ်တပ် တာဝန်ရှိသူတွေက ထောက်ပြ ပြောဆိုလိုက်ပါတယ်။

Google

ဂူဂဲလ် အင်တာနက် ကို တိုက်ခိုက်မှု တရုတ် နိုင်ငံ ငြင်းဆို

အင်တာနက် ဝန်ဆောင်မှု ပေးတဲ့ ဂူဂဲလ် ကုမ္ပဏီက သူတို့ကို တရုတ်နိုင်ငံ တွင်းကနေ လာရောက် တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ပြောဆိုပြီး တစ်ရက် အကြာမှာ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ တရုတ် စစ်တပ် အနေနဲ့ ဆိုက်ဘာ စစ်ပွဲရဲ့ စွမ်းရည်တွေ အတွက် ခိုင်မာအောင် လုပ်ဆောင် သင့်တယ်လို့ စစ်တပ် သုတေသီ နှစ်ယောက်က ပြောပါတယ်။

အဲဒီ အရာရှိတွေက အင်တာနက်ကို တရုတ် နိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ အတွက် လက်နက် တစ်ခု လို အသုံးပြုခံရတဲ့ အန္တရာယ် ရှိနေတယ် လို့ အရိပ် အမြွက် ထုတ်ဖော် ပြောဆိုပြီး အာရပ်ကမ္ဘာက အုံကြွမှုတွေကိုလည်း ထောက်ပြ သွားခဲ့ ပါတယ်။

တရုတ် အစိုးရက ဂူဂဲလ် ကို တိုက်ခိုက်ခဲ့မှုမှာ သူတို့ ပါဝင် ပတ်သက်မှု မရှိဘူးလို့ အခိုင်အမာ ငြင်းဆိုပါတယ်

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။