နောက်ဆုံး ရေးသားချိန် 8 ဧပြီလ 2011 - 00:53 GMT

လူမှု ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေ

လူမှုကယ်ဆယ်ရေး အကူအညီ လိုအပ်နေပြီ

တိုက်ပွဲတွေ ဖြစ်နေတဲ့ အိုင်ဗရီကိုးစ်မှာ နိုင်ငံရေးနဲ့ စစ်ရေးအရ ရှေ့မတိုးနောက်မဆုတ် အခြေအနေမှာ ရောက်နေပြီး Abidjan မြို့နေရာ တော်တော် များများမှာ လူမှုကယ်ဆယ်ရေး အခြေအနေတွေ ဆိုးဝါးလာနေတယ်လို့ သိရပါတယ်။

သောက်သုံးရေနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်နေကာ ဆေးရုံတွေနဲ့ စျေးဆိုင်တွေလည်း ပိတ်ထားပြီး လူတွေမှာ စားစရာ မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်နက်ချဖို့ ငြင်းဆန်နေတဲ့ အိုင်ဗရီကိုးစ် ခေါင်းဆောင် လောရင့် ဘက်ဘိုရဲ့ နေအိမ်တဝိုက်ကို ဝိုင်းထားတဲ့ စစ်တပ်ကလည်း မတိုးသာ မဆုတ်သာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုခံထားရတဲ့ မစ္စတာ ဝါတာရာရဲ့ တပ်တွေက မစ္စတာ ဘက်ဘိုကို တိုက်ထုတ်ဖို့ ကြိုးစားနေတာကလည်း လတ်တလောမှာ မအောင်မြင်သေးပါဘူး။

သမ္မတ အိမ်တော်တဝိုက်ကို သူ့တပ်တွေက ဝိုင်းထားတယ်လို့ မစ္စတာ ဝါတာရာက ပြောပြီး သမ္မတ ရာထူးက ဆင်းပေးရတော့မယ့် လောရင့်ထ် ဘက်ဘိုက လက်နက် မချလို့ လူတွေဟာ ထိတ်လန့်တကြား သူတို့အိမ်ထဲမှာ ပိတ်နေ ကြရကာ ရိက္ခာ ၊ ရေနဲ့ ဆေးဝါး ပြတ်တောက်လို့ အခြေအနေက ဆိုးရွား လာနေကြောင်းလည်း သူက ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။