နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2011 - 16:35 GMT

ကြံ့ခိုင်ရေးပါတီ အမတ် တွေကြား သဘောထား တွေ ကွဲနေ

ကြံ့ခိုင်ရေး

ကြံ့ခိုင်ရေး ပါတီ အမတ် တွေ နေရာ မရ လို့ ပြဿနာ တွေ ဖြစ်နေ

သူ ဝန်ကြီး မဖြစ်သင့် ဘူး၊ ငါ ဝန်ကြီး ဖြစ်သင့်တယ် စသဖြင့် အကြောင်း တွေ ပေါ် မူတည်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီ က လွှတ်တော် အမတ် တွေကြား သဘော ထား တွေ ကွဲ နေ ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း အဖြစ် စတင် တည်ထောင် ကတည်း ကနေ ပါဝင် လုပ်ဆောင်ခဲ့တဲ့ သူတွေနဲ့ နောက်ပိုင်း ပါတီ အဖြစ် အသွင် ပြောင်းပြီးမှ ရောက် လာတဲ့ သူတွေ ကြားမှာ အမတ် ဘယ်သူ ဖြစ်ရေး နဲ့ ပတ်သက်လို့ မကျေနပ်မှု တွေ ဖြစ်နေကြတယ် လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဝင် တဦး က ဘီဘီစီ ကို ပြော ပါတယ်။

ရန်ကုန်တိုင်း မှာဆိုရင် ဦးတင်အောင်၊ ဒေါ်စမ်းစမ်းနွယ်၊ ဒေါ်စမ်းစမ်းဝင်း တို့ ဆိုရင် အသင်း စထောင်ကတည်းက ပါခဲ့ပြီး သူတို့ တွေက တိုင်း အဆင့် အမတ် တွေ အဖြစ် သာ ရာထူး ရခဲ့ တယ်၊ သူတို့ လို ပဲ အသင်း စတည် ကတည်း ကပါဝင်ခဲ့ တဲ့ ဦးမင်းသိန်း၊ ဦးတင်လှိုင် တို့ ဆိုရင် ဘာ ရာထူးမှ မရဘူး၊ ပိုပြီး ထင်ရှားတာက ရန်ကုန်တိုင်း မဲ အောင် နိုင်ရေး အတွက် ရွေးကောက်ပွဲ မှာ အဓိက လုပ်ဆောင် ပေးခဲ့တဲ့ မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ဆိုရင် ဘယ်ရာထူးမှာ မရခဲ့ဘူး၊ အလားတူပဲ ပြည်ထောင်စု အဆင့် မှာလည်း အလားတူ မကျေနပ်မှု တွေ ရှိတယ် လို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ က တာဝန် ရှိသူ တဦးက ပြော ပါတယ်။

ဒီလို မကျေနပ်လို့ ပြောဆို နေကြပေမယ့်လည်း ပါတီဝင်အဖြစ် က နှုတ်ထွက် ဖို့တော့ သူတို့ မပြောဆို ကြပါဘူး။

နှုတ်ထွက်မယ် ဆိုရင် ပိုပြီး အခြေအနေ ဆိုးမှာ ကို သူတို့ ကြိုသိ နေကြလို့ ဖြစ်တဲ့ အကြောင်း သိရ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။