နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2011 - 17:14 GMT

ကွန်ဟိန်း က ဗုံးခွဲ တိုက်ခိုက်မှု

ရှမ်းပြည် မြောက်ပိုင်း စစ်တပ်

အပစ်ရပ် ရှမ်းပြည် မြောက်ပိုင်း မှာ လည်း ပြန်တိုက် သူ ၊ ပြည်သူ့စစ် အသွင် ပြောင်းသူ တွေ ကြား ကွဲကြ

ရှမ်းပြည်နယ် ကွန်ဟိန်း မြို့နယ် အတွင်း အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသစ် တိုးချဲ့ တည်ဆောက် နေတဲ့ ဒေသ အတွင်းမှာ တနင်္လာနေ့ ည က ဗုံးဖောက်ခွဲမှု တခု ဖြစ်ပွားခဲ့ပြီး လူ ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာ ရသွား ပါတယ်။

အဲဒီ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဆောက်လုပ်နေတဲ့ နေရာ က ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ မှာ ဖြစ် ပြီး တနင်္လာနေ့ည ၁၀ နာရီခွဲ အချိန် လောက်မှာ လူ ၂ယောက် ကနေ ပြီးတော့ လူ ၃၀ နီးပါး လောက် ရှိနေ တဲ့ ရဲစခန်း အဆောက်အဦ ထဲကို လက်ပစ်ဗုံး နဲ့ ဝင်ပစ် လိုက်တာ လို့ ဒေသခံ တဦး က ဘီဘီစီ ကို ပြောပါတယ်။

အဲဒီ အချင်း ဖြစ်ပွားရာ နေရာဟာ ပြည်သူ့စစ် အသွင်ပြောင်းထားတဲ့ ရှမ်းပြည် တပ်မတော် တပ်မဟာ (၇) ဌာနချုပ် နဲ့ လည်း နီးကပ် နေပါတယ်။

ပြည်သူ့စစ် အသွင်ပြောင်း ရမှာ ကို လက်မခံတဲ့ ရှမ်းပြည် တပ်မတော် တပ်မဟာ (၁) နဲ့ အရင် ကတည်းက အပစ် မရပ်ပဲ အစိုးရ တပ်တွေ ကို ဆက်လက် တိုက်ခိုက် နေတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း ရွက်ဆစ် အဖွဲ့ တို့ က ရှမ်း ပြည်နယ် တွင်း မှာ အစိုးရ စစ်တပ် တွေကို အခု ကာလ အတွင်း ပြန်လည် တိုက်ခိုက် နေတဲ့ တိုက်ပွဲ တွေ လည်း အဖြစ်များ နေပါတယ်။

ဒါပေမဲ့ ဒီ ဗုံးခွဲ တိုက်ခိုက်မှု ကို ဘယ်သူက လုပ်သလဲ ဆိုတာ ကတော့ မသိရသေး ပါဘူး။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။