
ရှမ်းပြည်မှာ စစ်သားတွေ စုဆောင်းနေပြီ
လာရှိုးမြို့နယ် အတွင်းက မုန်းတိန်၊ မုန်းယောင်း၊ မခင်နူနဲ့ ကုန်းသာ ကျေးရွာ အုပ်စုတွေ က ရွာလူကြီးတွေကို ကျေးရွာ အုပ်စု ၁ ခုစီကို အနဲဆုံး လူ ၆၀ စီ စုဆောင်းပေးဖို့ တိုင်းမှုးဆီက ဖေဖော်ဝါရီ ၁ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားခဲ့ပါတယ်။
ပြီးရင် အဲဒီ လူတွေကို လားရှိုးမြို့ အရှေ့ မြောက်ဘက် ၁၅ မိုင် အကွာ က မုန်းတိန် ကျေးရွာ အုပ်စုက စစ်သင်တန်းကျောင်း ကို ဖေဖော်ဝါရီ ၇ ရက် အရောက် ပို့ခိုင်းထားပါတယ်။
အခု စုဆောင်းတဲ့ လူတွေကို အသက် ၁၈ နှစ်နဲ့ ၄၅ နှစ် အကြား ရှိရမယ် ဆိုလို့ ဒေသခံတွေ က မကြာခင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေ နဲ့ များ သက်ဆိုင်နေမလား လို့ သံသယ ရှိနေကြသလို ဒါမှ မဟုတ်လဲ အသစ် တိုးချဲ့ထားတဲ့ တိုင်းစစ်ဌာနချုပ် မှာ သုံးဖို့ များလားလို့ စိုးရိမ် နေကြပါတယ်။

