နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2010 - 01:25 GMT

အီရန်က Uranium ကုန်ကြမ်း ပြည်တွင်းမှာ ထုတ်ပြပြီ

အဝါရောင် ကိတ်လို့ လူသိများတဲ့ Uranium Oxide

ပြည်တွင်းထုတ် ယူရေနီယမ်တွေနဲ့ နျူကလီးယား လောင်စာ ထုတ်နေတယ် ဆိုတဲ့ အီရန်ရဲ့ ကြေညာချက်ကြောင့် အီရန်ရဲ့ အငြင်းပွား စရာဖြစ်နေတဲ့ နျူကလီးယား လက်နက်ထုတ်လုပ်ရေး အစီအစဉ်အပေါ် နောက်ထပ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အမေရိကန်က ပြောပါတယ်။

အီရန်ရဲ့ လုပ်ဆောင်ချက်က နောက်ထပ် စိုးရိမ်စရာတွေကို ဖြစ်ပေါ်စေတယ်လို့ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Mike Hammer က ဘီဘီစီကို ပြောပါတယ်။

ဒီနေ့ တနင်္လာနေ့မှာ အီရန်ဟာ သူ့ရဲ့နျူကလီးယား အစီအစဉ်အပေါ် နောက်တကျော့အသစ် ပြန်ကျင်းပတဲ့ နိုင်ငံတကာ ဆွေးနွေးပွဲကို တက်ရောက်ရမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို မကျင်းပဘဲ ထားတာ တနှစ်ကျော် ကြာခဲ့ပါပြီ။

အီရန်ဟာ နျူကလီးယား လက်နက်တွေ တပ်ဆင်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက သံသယ ရှိနေပေမယ့် အီရန်က ဒီနျူကလီးယား အစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက် သက်သက်သာ ဖြစ်ပါတယ်လို့ အခိုင်အမာ ပြောကြားနေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။