နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2010 - 00:56 GMT

အာဖဂန်က တိုးတက်မှုတွေ အိုဘားမားပြော

Afghanistan

အာဖဂန်မှာ တိုးတက်မှုတွေ ရတယ်လို့ အိုဘားမားပြော

အာဖဂန် နစ္စတန်က တာလီဘန် စစ်ဆင် ရေးမှာ အရေးပါတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ အာဖဂန်က အမေရိကန် စစ်မှုထမ်းတွေကို သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။

သမ္မတ အိုဘားမားဟာ အာဖဂန် နစ္စတန်ကို ကြိုတင် မကြေငြာဘဲ အလည်အပတ် ရောက်ရှိ လာခဲ့ပါတယ်။

ကာဘူးမြို့ အပြင်ဘက်က ဘာဂရမ် လေတပ် စခန်းမှာ အမေရိကန် စစ်မှုထမ်းတွေနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောရာမှာ တာလီဘန်တွေ ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ နည်းနည်းလာနေတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို ချီးမွမ်းပြောကြားခဲ့ပြီး ရှေ့လျှောက် အခက်အခဲတွေနဲ့ ဆက်ရင်ဆိုင်နေရဦးမှာ ဖြစ်တယ်လို့ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ အာဖဂန် သမ္မတ ဟာမစ် ခါဇိုင်းနဲ့ တွေ့ဆုံဖို့ ရှိပေမဲ့ ရာသီဥတု မကောင်းတဲ့ အတွက် ကာဘူးကို မသွားနိုင်ဘဲ တယ်လီဖုန်းကဘဲ ဆက်သွယ် စကား ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာ အမေရိကန် အစိုးရက အာဖဂန် ဗျူဟာကို ပြန်လှန် သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်ဖို့ ပြင်နေပြီး မနှစ်က အာဖဂန်ကို တပ်တွေ ထပ်မံ စေလွှတ်ခဲ့တာ တိုးတက်မှု ရှိမရှိကို ဒီအစီရင်ခံစာမှာ လေ့လာ ဆန်းစစ်ထားတယ်လို့ ခန့်မှန်းရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။