
ကုလ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယား
အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ဆက်ရှိနေဦးမှာ ဖြစ်ပြီး လက်ရှိ ကုလသမဂ္ဂရဲ့ လုပ်ဆောင်မှုတွေကို ပြည်တွင်းထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှု ရှိတယ်လို့ ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် ဗီဂျေ နမ်ဘီယာက ပြောလိုက်ပါတယ်။
စစ်အစိုးရ အနေနဲ့ လက်ရှိ နိုင်ငံရေး အဖွဲ့အစည်းတွေအားလုံးကို မြန်မာ့ နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ ဆန္ဒရှိတယ်ဆိုကို ပြဖို့ လိုတယ်လို့ ဗီဂျေနမ်ဘီယာက ပြောပါတယ်။
အရေးကြီးတာက ဒီမိုကရေစီရေး ပြောင်းလဲဖြစ်ပေါ်မှုဟာ နာမည်ခံတင်မဟုတ်ဘဲ တကယ် ဒီမိုကရေစီရေး တိုးတက်မှုဆီကို သွားနေတယ်ဆိုတာ အထင်အရှားပြဖို့ လိုတယ်လို့လဲ ပြောပါတယ်။
ဒါ့အပြင် လူမှုအဖွဲ့အစည်းတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်နေပြီး နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင်လာဖို့ စိတ်ဝင်စားနေကြတာ နဲ့ နိုင်ငံရေးမှာ အားလုံး အဆင်ပြေမဲ့ အဖြေထွက်လာရေးကို လိုလားတာကိုလည်း အကောင်းမြင်မှုတခုအဖြစ်နဲ့ ဗီဂျေနမ်ဘီယာက ပြောသွားပါတယ်။

