နောက်ဆုံး ရေးသားချိန် 2 ဒီဇင်ဘာလ 2010 - 16:28 GMT

ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင် တွေ က ရုရှ နဲ့ ကာတာ

FIFA world cup

ဖီဖာ ဥက္ကဌ က ၂၀၁၈ အတွက် ရုရှ ရသွားကြောင်း ကြေညာ

ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာ က ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင် နိုင်ငံ တွေ ကို ရွေးချယ် ကြေညာ ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ဖိုင်နယ် အဆင့် ပွဲ အတွက် ရုရှ ကို အိမ်ရှင်နိုင်ငံ အဖြစ် ရွေးခဲ့ သလို၊ ၂၀၂၂ ပွဲ အတွက် ကာတာ နိုင်ငံ ကို ရွေးချယ် ကြောင်း ကြေညာ လိုက်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပွဲ အိမ်ရှင် နိုင်ငံ ဖြစ်ရေး အတွက် ရုရှ၊ အင်္ဂလန် တို့ က အိမ်ရှင် နိုင်ငံ ဖြစ်ရေး ကြိုးပမ်းခဲ့ ပါတယ်။

ဒီနိုင်ငံ တွေ အပြင် နယ်သာလန် နဲ့ ဘယ်လဂျီယံ နိုင်ငံ တို့ ကပူးတွဲ အိမ်ရှင် နိုင်ငံ ဖြစ်ရေး ကြိုးပမ်း သလို စပိန် နဲ့ ပေါ်တူဂီ တို့ ကလည်း အိမ်ရှင် ဖြစ်ရေး ကြိုးပမ်း ခဲ့ကြ ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ပွဲ အတွက် အိမ်ရှင် အဖြစ် ကြိုးပမ်းခဲ့တဲ့ နိုင်ငံ တွေကတော့ တောင်ကိုရီးယား၊ ဂျပန်၊ ကာတာ၊ သြစတြေးလျ နဲ့ အမေရိကန် ပြည်ထောင်စု တို့ ဖြစ် ပါတယ်။

ဖီဖာ ဦးဆောင် အဖွဲ့ အနေနဲ့ ဒီလို အိမ်ရှင် နိုင်ငံတွေ ကို ကမ္ဘာ့ဖလားပွဲ ကို တကြိမ်တခါ မှ လက်ခံ ကျင်းပခဲ့ ရခြင်း မရှိသေး တဲ့ နိုင်ငံ တွေ ထဲ က ဦးစားပေး ရွေးချယ် မယ် ဆိုတဲ့ ခန့်မှန်း ချက် တွေ အတိုင်း ဖြစ်လာခဲ့တယ် လို့ သတင်းထောက် တွေက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။