နောက်ဆုံး ရေးသားချိန် 6 နိုဝင်ဘာလ 2010 - 00:59 GMT

ပါကစ္စတန်မှာ ဗလီတွေ ဗုံးခွဲတိုက်ခိုက်ခံရ

လူ ၁၈ ယောက် လောက် ဒဏ်ရာ ရရှိသွား တယ်လို့ ဆိုပါတယ်

ပါကစ္စတန် နိုင်ငံ အနောက်မြောက်ပိုင်းက ဗလီ ၂ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု တွေကြောင့် လူ ၅၉ ထက် မနည်း သေဆုံး ခဲ့တယ်လို့ တာဝန်ခံအရာရှိတွေက ပြောပါ တယ်။

ပထမဖြစ်ရပ်ကတော့ ဒါရာ အဒမ်ဟဲခ်မြို့ ဆင်ခြေဖုံးဘက်မှာ သောကြာနေ့ လာရောက် ဝတ်ပြု ကြသူတွေ ဗလီကအထွက်မှာ ဗုံးခွဲ သမားက သူ့ကိုယ်သူ ဖောက်ခွဲ တိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ အဲဒီမှာ လူ ၅၄ ဦးသေဆုံးသွားပါတယ်။

ပေါက်ကွဲမှုကြောင့် ဗလီ ခေါင်မိုးပါပြိုကျကုန်ကာ ဘုရားဝတ်ပြုသူ အတော်များများ အပျက် အဆီးတွေ အောက်မှာ ပိမိကုန်ပါတယ်။

နောက်ထပ်တိုက်ခိုက်မှုတခုကတော့ ပရှာဝါမြို့စွန်ဖက်က ဗလီတခုထဲကို လက်ပစ်ဗုံးတွေ ပစ်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီမှာတော့ တရားဟောဆရာအပါအဝင် အနည်းဆုံး လူ ၄ ဦး သေဆုံးသွားခဲ့ပြီး၊ ၁၈ ယောက် ဒဏ်ရာ ရရှိသွားပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြည်နယ်သတင်းပြန်ကြားရေး ဝန်ကြီး မီအန် အစ်ဖ်တီကာ ဟူစိန်က ညနေဖက် ဝတ်ပြုဆုတောင်းနေတဲ့အချိန်မှာ လက်ပစ်ဗုံးနဲ့ အတိုက်ခိုက်ခံရတာ ဖြစ်ပြီး၊ အပြင်ကနေ လက်ပစ်ဗုံး ၄ လုံး ပစ်သွင်းခဲ့တာလို့ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။