နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2010 - 16:00 GMT

ဂီရိ ဆုံးရှုံးမှု စာရင်း တွေ ပိုတိုးလာမယ့် အခြေရှိ

giri

ထိခိုက်မှု စစ်တမ်းက ကောက်ယူ နေဆဲ

ဂီရိ မုန်တိုင်း တိုက်ခိုက်မှု ကြောင့် ပျက်စီး ခဲ့ရတဲ့ အတိုင်းအတာ ကို ဆက်လက် စစ်တမ်းကောက်ဆဲ ဖြစ်ပြီး အခုလက်ရှိ ခန့်မှန်းချက် တွေထက် ပို တိုးလာမယ် လို့ ကုလ သမဂ္ဂ က ပြောပါတယ်။

ဂီရိမုန်တိုင်း အပြင်းထန်ဆုံး ထိခိုက်ခဲ့တဲ့ မြေပုံ မြို့နယ် အပါအဝင် မုန်တိုင်း ထိ ဒေသအချို့ ကို သွားရောက် ကြည့်ရှု ပြီး လွန်ခဲ့တဲ့ ရက်ပိုင်း က ရန်ကုန် ကို ပြန်ရောက် လာခဲ့တဲ့ UNDP မြန်မာပြည် ဆိုင်ရာ ဒုတိယ ဌာနေ ကိုယ်စားလည် မစ္စတာ စနာကာ စမာရာဆင်ကာ က အပျက်အစီး အဆုံးအရှုံး ပမာဏ က အရင် မှန်းဆ ထားကြ တာထက် ပိုတိုးလာနိုင်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။

အခု အချိန် ထိ ထိခိုက်မှု အခြေအနေ ကို ဘာကြောင့် ပြည့်စုံအောင် မထုတ်ပြန် နိုင်သလဲ ဆိုတဲ့ အမေး အပေါ် ပျက်စီးမှု အတိုင်းအတာ တွေကို စစ်တမ်းကောက်ယူဖို့ ကြိုးစား နေကြရာမှာ အခက် အခဲ တွေ ရှိသလို အထူးသဖြင့် ထိခိုက်ခံရသူ တွေ ရဲ့ အသက်မွေး ဝမ်းကျောင်း အတွက် လိုအပ်ချက် တွေ ပျက်ဆီးသွားမှု အတိုင်း အတာ ကို ပြည်စုံ အောင် စစ်တမ်း ကောက်ယူ ဖို့ ပိုမို ရှုတ်ထွေး နေတဲ့ အတွက် ဖြစ်တယ် လို့ သူ က ဖြေပါတယ်။

ဒါပေမယ့် လူတွေ သိန်းနဲ့ချီ အိုးအိမ်မဲ့ သွားကြောင်း နဲ့ မုန်တိုင်း ထိခိုက်ခံရ တဲ့ ဒေသတွင်း လယ် ဧက ၃၀ ရာခိုင်နှုန်း နဲ ၄၀ ရာခိုင်နှုန်း ပျက်စီး မှုတွေ ရှိနေ တယ် လို့ အဲဒီ ကုလသမဂ္ဂ အရာရှိ က ဘီဘီစီ ကို ပြောပါတယ်။

ဂီရိ မုန်တိုင်းဒဏ်ခံ ပြည်သူတွေ အတွက် အရေးပေါ် အကူအညီ အများအပြား လိုအပ် နေကြောင်း လည်း သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။