နောက်ဆုံး ရေးသားချိန် 7 အောက်တိုဘာလ 2010 - 16:07 GMT

ဟေတီငလျင် အမျိုးသမီးတွေ ဒုက္ခတွေ့

အမေရိကန် အကူအညီပေးရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ နိုင်ငံတကာဒုက္ခသည်ကူညီရေး Refugees International က ပြီးခဲ့တဲ့ ၁၀ လက ငလျင်ဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ ဟေတီနိုင်ငံက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကုလသမဂ္ဂရဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

haiti

ဒုက္ခသည်တွေ အချင်းချင်းကြားမှာ အမျိုးသားတွေက အမျိုးသမီးကို အနိုင်ကျင့်

ဒုက္ခသည်တွေ လတ်တလော နေနေရတဲ့ ကယ်ဆယ်ရေးစခန်းတွေကို လူမိုက်ဂိုဏ်း တွေက ထိန်းချုပ်ထားပြီး၊ အဓမ္မကျင့်မှု တွေ၊ အမျိုးသမီးတွေ အစာရေစာရဖို့ ခန္ဓာ ကိုယ်နဲ့ အလဲအလှယ်လုပ်ရတာတွေဟာ ပုံမှန်လိုတောင် ဖြစ်နေတယ်လို့ ထောက်ပြ ပါတယ်။

ဟေတီနိုင်ငံက ကုလသမဂ္ဂ ပြောခွင့်ရသူကလည်း ဒီပြဿနာက ကြီးလွန်းလို့ ကာကွယ်ပေးဖို့ အကူအညီတွေလိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါမှမဟုတ်ရင်လည်း ဒီစခန်းတွေကို ဖျက်ပစ်လိုက်မှ အဓမ္မကျင့်မှုတွေ ပျောက်မယ်လို့ ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၇၇၇ သန်း သုံးရမယ့် စီမံကိန်းတွေအတွက် ရန်ပုံငွေ သန်း ၄၆၀ တော့ ရပါပြီ။ အခု တကယ့်အရေးကြီးတဲ့ မဟာဗျူဟာ လုပ်ငန်းစဉ်တွေဖြစ်တဲ့ အိမ်ရာတွေ ပြန်ဆောက်ဖို့၊ အပျက်အစီးတွေ ရှင်းလင်းဖို့နဲ့ အလုပ်အကိုင်တွေ ဖန်တီးဖို့ လုပ်မှာပါလို့ ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။