
နိုင်ဂျီးယား သမ္မတ Goodluck Jonathan
နိုင်ဂျီးရီးယား နိုင်ငံမှာ သမ္မတ Goodluck Jonathan ရဲ့ အဓိက နိုင်ငံရေး ပြိုင်ဘက်လည်းဖြစ် ၊ အရင် စစ်တပ် အာဏာရှင် Ibrahim Babangida ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးမှူး Raymond Dokpesi ဟာ အာဏာပိုင်တွေရဲ့ ခေါ်ယူမေးမြန်း ထိန်းသိမ်းတာ ခံခဲ့ရပါတယ်။
သောကြာနေ့တုန်းက အဘူဂျာမြို့မှာ လွတ်လပ်ရေးပွဲ ကျင်းပနေတုန်း လူ၁၂ယောက် သေဆုံးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု တွေနဲ့ ဆက်စပ်ပြီး ဖမ်းခဲ့တာဖြစ်ပါတယ်။
အခုတော့ သူ့ကို ပြန်လွှတ် ပေးလိုက်ပြီလို့ သိရပေမယ့် ဒီနေ့ အင်္ဂါနေ့မှာ လုံခြုံရေးတပ်ဖွဲ့ကို သွားရောက် အကြောင်းကြားရမယ်လို့ ဆိုပါတယ်။

