နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2010 - 01:45 GMT

ဘရာဇီး သမ္မတ ရွေးကောက်ပွဲ

Dilma Rousseff နဲ့ လက်ရှိ သမ္မတ လူလာ

ဘရာဇီးနိုင်ငံက သမ္မတရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အလုပ်သမားများ ပါတီ ကိုယ်စားလှယ် Dilma Rousseff က ရှေ့ကဦးဆောင် နေတယ်လို့ အခုရေတွက်ပြီးသမျှ မဲရလဒ်တွေအရ သိရပါတယ်။

မဲသုံးပုံနှစ်ပုံလောက် နီးပါး ရေတွက်ပြီး ဖြစ်နေချိန်မှာ မစ္စက် ရိုဆက်ဖ်က မဲ ၄ဝ ရာနှုန်းနဲ့ ပြိုင်ဘက်ထက် အသာရနေပါတယ်။

သူမဟာ သမ္မတသက်တမ်းနှစ်ခုကို ထမ်းခဲ့ပြီး လက်ရှိရာထူးက စွန့်ခွာတော့မယ့် လူလာဆီလ် ဒါဗာရဲ့ အရိုက်အရာကို ခံယူမယ့်သူ ဖြစ်ပါတယ်။

အခုလို အာဏာရ ပါတီက ရှေ့က ပြေးနေပေမယ့် အနိုင်ရဖို့ လုံလောက်တဲ့ မဲအများစု မရတာကြောင့် ထပ်မံ ယှဉ်ပြိုင်ရမယ့် အခြေအနေ ရှိပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။