နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2010 - 00:54 GMT

မွတ်ဆလင် ကျမ်းစာအုပ်ကို လူမြင်ကွင်းမှာ မီးရှို့တာဟာ ရန်စတဲ့ လုပ်ရပ်

အမေရိကန်က ကိုရမ် ကျမ်းစာ မီးရှို့မယ့် အစီအစဉ်ကို အာဖဂန်နစ္စတန်မှာ ဆန့်ကျင် ဆန္ဒပြနေကြ

လာမယ့် စနေနေ့မှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ခရစ်ယန် ဘုရားကျောင်း တခုမှာ မွတ်ဆလင် ကိုရမ်ကျမ်းစာအုပ်တွေကို မီးရှို့မယ့် အစီအစဉ်အပေါ် ကမ္ဘာတလွှားမှာ ရှုံချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။

ဒီလုပ်ရပ်ဟာ အမေရိကန်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့ ကာဘူးမြို့က အမေရိကန် စစ်တပ် ထိပ်တန်းအရာရှိတွေ သတိပေး ပြီးတဲ့နောက် ဒီအစီအစဉ်ဟာ အန္တရယ်ကြီး မိုက်မဲတဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ အမေရိကန် ရှေ့နေချုပ် အဲရစ် ဟိုးလ်ဒါက ပြောပါတယ်။

ဒီလုပ်ဆောင်မှုအပေါ်မှာ ဘယ်သူမှ အမြတ်ထွက်မှာ မဟုတ်ဘဲ သူ့အပြောအရ ဒီ တကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် အရာအားလုံး ဆုံးရှုံးရလိမ့်မယ်လို့ အကြီးဆုံး အမေရိကန် စစ်ပြန်အဖွဲ့ ခေါင်းဆောင် ကလည်း ဆိုပါတယ်။

အာဖဂန်နစ္စတန်နဲ့ အင်ဒိုနီးရှားတို့မှာ ဒီအစီအစဉ်အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်နေပြီး လူအများရှေ့မှာ ကိုရမ်ကို မီးရှို့တာကြောင့် ထိန်းလို့ မရနိုင်လောက်အောင် မွတ်ဆလင်တွေရဲ့ လက်တုန့်ပြန်မှုတွေ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်နိုင်ငံက သတိပေးလိုက်ပါတယ်။

နယူးယောက်နဲ့ ဝါရှင်တန်မြို့တွေကို အယ်ကိုင်းဒါးတွေ တိုက်ခိုက်ခဲ့တာ ကိုးနှစ်မြောက် အနေနဲ့ အစ္စလာမ်ဘာသာရဲ့ ဆိုးဝါးမှုကို တုန့်ပြန်ပြသလိုတာ ဖြစ်တယ်လို့ ဖလော်ရီဒါ ဘုရားကျောင်းက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။