နောက်ဆုံး ရေးသားချိန် 7 စက်တင်ဘာလ 2010 - 01:20 GMT

သမ္မတအိုဘားမား ရဲ့ ရေရှည်စီမံကိန်း

obama

သမ္မတအိုဘားမား နဲ့ အလုပ်သမားများတွေ့ဆုံ

အမေရိကန်သမ္မတ အိုဘားမားက အမေရိကန်ရဲ့ အခြေခံအဆောက်အအုံမှာ ခြောက်နှစ်ကြာ စီမံကိန်းတရပ် အနေနဲ့ ဒေါ်လာဘီလီယံ ငါးဆယ် ရင်းနှီးမြှုပ်နှံမဲ့ အကြောင်း ကြေငြာလိုက်ပါတယ်။

အမေရိကန် နိုင်ငံတွင်းမှာ ရှိတဲ့ ကားလမ်းတွေ၊ မီးရထားလမ်းတွေ နဲ့ လေယာဉ် ပြေးလမ်းတွေ ခေတ်မှီအောင် ပြန်လည် တည်ဆောက်ရေး အတွက် ရေရှည် စီမံကိန်း အနေနဲ့ အစီအစဉ်သစ် ချမှတ်လိုက်ပါတယ်။ အမေရိကန် အနေနဲ့ ကမ္ဘာမှာ အကောင်းဆုံး အခြေခံ အဆောက်အအုံ တွေ ရှိစေချင်တယ်၊ အရင်ကလဲ ရှိခဲ့တယ်၊ အခု ပြန်ရှိအောင်လုပ်မယ်လို့ ပြောသွားတါပါ။
အလုပ်သမားနေ့ အဖြစ် Milwaukee မြို့ ကို ရောက်တဲ့ အခါမှာ အခုလို ရဲရဲတောက် မိန့်ခွန်းကို အလုပ်သမား တွေကို ပြောခဲ့တါပါ။

ဒီစီမံကိန်း အရ အလုပ်အကိုင်သစ် တွေ ဖန်တီးပေးသလို လာမဲ့ နိုဝင်္ဘာလ ကွန်ဂရက် ရွေးကောက်ပွဲကျရင် သူရဲ့ ဒီမိုကရက်တစ် ပါတီ အခြေအနေ ကောင်းအောင် ဖြစ်ပါတယ်။

အတိုက်အခံ ရီပတ်ဗလီကင် တွေကတော့ ဒီစီမံကိန်းဟာ ထိရောက်မှု မရှိသလို နိုင်ငံတော် အသုံးစရိတ် ပိုကုန်ကျဖို့သာ ရှိတယ်လို့ ဝေဖန်လိုက်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။