နောက်ဆုံး ရေးသားချိန် 5 သြဂုတ်လ 2010 - 01:32 GMT

ဘီပီရေနံယိုစိမ့်မှု ပိတ်နိုင်တာကို ကြိုဆို

_obama

သမ္မတအိုဘားမား ဘီပီရေနံကိစ္စ အဆုံးသတ်ပြီပြော

သမ္မတ အိုဘားမားက မက္ကဆီကိုပင်လယ်ကွေ့ထဲ ဘီပီ ရေနံယိုစိမ့်မှု နဲ့ ပတ်သက်ပြီး အငြင်းပွားရမှု အဆုံးသတ်ပြီလို့ ထုတ်ဖေါ်ပြောလိုက်ပါပြီ။

ရေနံယိုစိမ့်မှုကို ပိတ်လိုက်နိုင်တဲ့နည်း သုံးရာက အောင်မြင်မှုရှိတာ တွေ့ရတဲ့ အတွက် ကြိုဆိုကြောင်း ပြောသွားတါပါ။

အစိုးရရဲ့ စရင်းဇယားအသစ်အရ ယိုစိမ့်ရေနံ တွေရဲ့ ၄ ပုံ ၃ပုံ ကိုလဲ ပိတ်လိုက်နိုင်ပြီဖြစ်သလို မီးရှိ့ပစ်ခဲ့တာတွေ၊ အငွေ့ပြန်မှု၊ ဒါမှမဟုတ် သဘာဝအရ အရှိန် သေတာတွေ အကြုံးဝင် ကြောင်း ဖေါ်ပြထားပါတယ်။

ဒါကြောင့်မို့ ဒီကိစ္စ စိတ်ဓါတ်ကျနေရာက မျှော်လင့်ချက်တွေ ထွက်ပေါ်လာပုံ ကို ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့ ထိတ်တန်းသိပ္ပံပညာရှင် တဦးကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေမှုကတော့ နှစ်အတန်ကြာ နေဦးမဲ့ အကြောင်း သတိပေးစကားပြောကြားလိုက်ပါတယ်။

ဘီပီ ဟာ အင်္ဂါနေ့က ပျက်စီးသွားတဲ့ ရေနံပိုက် ကို ရွှံတွေနဲ့ မံပြီးပိတ်ဆို့နိုင်ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။