နောက်ဆုံး ရေးသားချိန် 7 ဇူလိုင်လ 2010 - 01:05 GMT

အစ္စရေး အမေရိကန် ဆက်ဆံရေး နွေးထွေးလာ

ဂါဇာ အရေး အလျော့ပေးတဲ့ အတွက် အစ္စရေးကို အိုဘားမား ချီးကျူး

အစ္စရေးဟာ ပါလက်စတိုင်းနဲ့ ငြိမ်းချမ်းရေးရဖို့ အမှန်တကယ် ဆန္ဒရှိတယ်လို့ သူယုံကြည်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံ ပြီးတဲ့နောက် သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

ဂါဇာဒေသ ပိတ်ဆို့ထားမှုကို လျော့ပေါ့ ပေးလိုက်တဲ့ အတွက် မစ္စတာ နက်တန် ရာဟူးကို သမ္မတ အိုဘားမားက ချီးကျူးစကား ပြောကြားခဲ့ပါတယ်။

လာမယ့် သီတင်းပတ်တွေ အတွင်း ငြိမ်းချမ်းရေး လုပ်ငန်းရပ်တွေ ရှေ့ဆက် လုပ်ဆောင်သွားဖို့ မစ္စတာ နက်တန်ရာဟူးက ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။

ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ တိုက်ရိုက် ဆွေးနွေးပွဲတွေ မလုပ်ခင် တဆင့်ခံ ဆွေးနွေးပွဲ တွေမှာတင် နယ်စပ် ၊ လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး တိုးတက်တာကို မြင်တွေ့လိုတယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။