နောက်ဆုံး ရေးသားချိန် 7 ဇူလိုင်လ 2010 - 17:02 GMT

7 July နှစ်ပတ်လည် က တောင်းဆိုမှုတွေ

union

၁၉၆၂ ဇူလိုင်လ ၈ ရက် နေ့ မနက် မှာ စစ်တပ် က မိုင်းခွဲ ဖြိုချ ခဲ့တဲ့ သမဂ္ဂ အဆောက်အဦ

ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေ ရဲ့ ကျောင်းသား အရေး ဆန္ဒပြမှု ကို စစ်တပ် က ပစ်ခတ်နှိမ်နှင်းတာ၊ သမိုင်းဝင် သမဂ္ဂ အဆောက်အဦ ကို မိုင်းခွဲခဲ့တာ တွေ ဖြစ်ခဲ့ပြီး ကျောင်းသားတွေရာ နဲ့ချီ သေဆုံးခဲ့တဲ့ 7 July အရေးအခင်း ၄၈ နှစ်ပြည့်လာတဲ့ အခုလိုကာလမှာ မျိုးဆက်သစ် ကျောင်းသား လူငယ်တွေနဲ့ ဖွဲစည်းထားတဲ့ ဗကသ အဖွဲ့ချုပ် က ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေ ကို လက်မခံကြဖို့ နဲ့ လာမယ့် ရွေးကောက်ပွဲ ကို သပိတ်မှောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဟာ စစ်အာဏာရှင် စနစ် ကို ပဲ သက်ဆိုးရှည် စေလိမ့်မယ်လို့ သူတို့ မြင်ကြောင်း ဗကသ ရဲ့ ပြောရေးဆိုခွင့် ရှိသူ မနော်အက်စတာ က ပြောပါတယ်။

လာမယ့် ရွေးကာက်ပွဲ ဟာလည်း လွတ်လပ်ပြီး တရားမျှတ မှုရှိမယ့် ရွေးကောက်ပွဲ ဖြစ်စရာလမ်း မမြင်တာကြောင့် သပိတ်မှောက်ဖို့ တိုက်တွန်းရ တာ လို့ လည်း သူ က ပြောပါတယ်။

၁၉၆၂ ဇူလိုင်လ မှာ နယ်ချဲ့ တော်လှန်ရေး သမိုင်းဝင်ကျောင်းသား သမဂ္ဂ အဆောက်အဦ ကို စစ် အစိုးရ က ဗုံးခွဲဖြိုချပြီး သမဂ္ဂ ရပ်တည်ခွင့် ကို ပိတ်ပင်ခဲ့ပေမယ့် ကျောင်းသား သမဂ္ဂ စိတ်ဓာတ် က ကျောင်းသားတွေ ရင်ထဲမှာ ရှိနေဆဲ ပဲ ဖြစ်တယ် လို့ မနော်အက်စတာ က ပြောပါတယ်။

အဲဒီ 7 July အရေးအခင်းမှာ ကျောင်းသားတွေ ကို စစ်တပ် က ပစ်ခတ် နှိမ်နှင်းမှု ဟာ ဒီမိုကရေစီ အစိုးရ လက်ထဲကနေ စစ်အာဏာသိမ်းလိုက် ပြီးတဲ့နောက် လပိုင်း အတွင်းမှာ ပဲ ဖြစ်ခဲ့တာဖြစ်ပြီး ဒါဟာ စစ်အာဏာရှင် စနစ်ရဲ့ အတွင်းသရုပ် ကို ပထမဆုံး ဖော်ပြလိုက်တဲ့ အဖြစ် လို့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေ ကမှတ်ယူ ထားပါတယ်။

အခုလို နှစ်ပတ်လည်နေ့မှာ ပဲ ဒီ အရေးအခင်း အကြောင်းကို ရေးထားတဲ့ စာစောင်တွေကို ဗကသ အဖွဲ့နဲ့ တခြားလူငယ် အဖွဲ့တွေက မြန်မာပြည်တွင်းမှာ ဖြန့်ဝေခဲ့ သလို အထိမ်းအမှတ် အခမ်းအနား တွေကို ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ နဲ့ အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တွေမှာ မြန်မာ့အရေးလှုပ်ရှားသူတွေက ကျင်းပ ခဲ့ကြ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။