နောက်ဆုံး ရေးသားချိန် 6 ဇူလိုင်လ 2010 - 01:09 GMT

အစ္စရေး ခြေလှမ်း အမေရိကန်နဲ့ EU ကြိုဆို

ဂါဇာ ဒေသတွင်း သွင်းမယ့် ပစ္စည်းတွေ

ဂါဇာ ကမ်းမြောင်မှာ ပိတ်ဆို့ထားမှုကို လျော့ချပေးမယ်လို့ အစ္စရေးက အတည်ပြု ပြောကြားလိုက်ပါတယ်။

တင်သွင်းလို့ရမယ့် စာရင်း အတိအကျကို အစ္စရေးက ထုတ်ပြန် လိုက်ပေမယ့် လက်နက်တွေ ၊ ဆောက်လုပ်ရေးသုံးနဲ့ စက်သုံး ပစ္စည်းတွေကို ကန့်သတ် တားမြစ် ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂါဇာကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း ဟားမက်စ် အဖွဲ့ကတော့ အစ္စရေးရဲ့ အခုလို လျော့ပေါ့ပေးတာကို အချည်းနှီး ပါပဲလို့ ဆိုပြီး ပယ်ချကာ ပိတ်ဆို့မှုကို လုံးဝဖယ်ရှားသင့်တယ်လို့ ဟားမတ်စ် အဖွဲ့က ပြောပါတယ်။

အစ္စရေးကတော့ ဟားမက်စ်တွေဆီ လက်နက်တွေ မရောက်အောင် ဒီလိုပိတ်ဆို့မှုက လုပ်ရမှာပဲလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ဂါဇာအတွက် လူမှုကယ်ဆယ်ရေး အကူအညီတွေ တင်ဆောင်လာတဲ့ သင်္ဘောအုပ်ကို အစ္စရေး ကွန်မန်ဒိုတွေက ဝင်စီးခဲ့တာကြောင့် တူရကီ ကယ်ဆယ်ရေး ဝန်ထမ်း ၉ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် လေးနှစ်ကြာ ဂါဇာကို ပိတ်ဆို့ထားတာကို ပြန်ဖွင့်ပေးဖို့ နိုင်ငံတကာက အစ္စရေးကို ဖိအား ပေးခဲ့ကြပါတယ်။

အရင်ကတော့ အစားအစာနဲ့ ဆေးဝါးလောက်သာ တင်သွင်းခွင့် ရနေခဲ့ရာကနေ အခုလို ကြိုက်တာသွင်း၊ black list လို့ သတ်မှတ် ထားတာသာ မသွင်းရဘူးဆိုတဲ့ အစ္စရေးရဲ့ ပြောကြားချက်ကို တိုးတက်မှုလို့ အရှေ့ အလယ်ပိုင်း ဆိုင်ရာ နိုင်ငံတကာ အထူး သံတမန် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘဲက ကြိုဆိုလိုက်ပါတယ်။

ဒါအပြင် ဒီအချက်ကို လက်တွေ့ကျကျ ကျင့်သုံးပြီး ဂါဇာဒေသက လူထု ဘဝကို ပိုအကျိုးရှိနေအောင် ဆောင်ရွက်ဖို့လည်း ပြောကြား လိုက်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။