နောက်ဆုံး ရေးသားချိန် 6 မေလ 2010 - 16:56 GMT

NLD ဗဟိုအလုပ်အမှုဆောင်တချို့ ပါတီဖွဲ့မည်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ဆက်ပြီးမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့လို့ မေလ ၆ ရက်နေ့ နောက်ပိုင်းမှာ ပါတီအဖြစ် ဆက်ပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့် စတဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တချို့ကတော့ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

သူတို့ရဲ့ပါတီကို အမျိုးသား ဒီမိုကရေစီ အင်အားစု လို့ နာမည်ပေးထားပြီး NLD မှာ ဦးဆောင်မှု အခန်းက ပါဝင်ခဲ့သူတွေနဲ့ ပြင်ပက ဒီမိုကရက်တစ်အင်အားစုတွေရော စုစုပေါင်း လူ ၂၀ ခန့်ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

လာမယ့်ရက်တွေအတွင်း ပြည်သူကို အသိပေးမှာ ဖြစ်ပြီး အခုလ ၁၅ ရက်မတိုင်ခင် နေပြည်တော်မှာ မှတ်ပုံတင်ဖို့ လျှောက်ထားမယ်လို့ ဆိုပါတယ်။

သူတို့ အနေနဲ့က နိုင်ငံရေးဆက်လုပ်နိုင်ဖို့ ပါတီအဖွဲ့အစည်းရှိဖို့ လိုအပ်တယ်လို့ ယူဆပြီး ဒိမိုကရေစီရရှိရေး ရတဲ့နေရာက ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ မဝင်ဖို့ ပြောနေသူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီနိုင်ငံဖြစ်ရေးကို ဦးတည် ရေးဆွဲထားတာမဟုတ်ဘူးလို့ ပြောကြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။