နောက်ဆုံး ရေးသားချိန် 5 မေလ 2010 - 01:06 GMT

New York မြို့မှာ ကားဗုံးထောင်သူကို စွဲချက်တင်

Faisal Shahzad

ကားဗုံးထောင်ခဲ့သူ ဆိုပြီး စွဲချက် တင်ခံနေရတဲ့ Faisal Shahzad

ပါကစ္စတန် နွယ်ဖွား အမေရိကန် နိုင်ငံသား ဖိုင်ဆယ် ရှာဇက်ကို စနေနေ့တုန်းက နယူးယောက်မြို့ တိုင်းမ်ရင်ပြင်က မပေါက်ကွဲခဲ့တဲ့ ကားဗုံးထောင်မှုနဲ့ စွဲချက်တင် လိုက်ပြီလို့ ဆိုပါတယ်။

ဖျက်အားပြင်း လက်နက် သုံးစွဲမှုနဲ့ နိုင်ငံတကာ အကြမ်းဖက် ခြောက်လှန့် သတ်ဖြတ်ရေး ဝါဒကို ကိုင်စွဲပြီး လူအများအပြား သေစေအောင် ကြံရွယ်မှုစတဲ့ စွဲချက်တွေနဲ့ ရုံးတင်ထားတာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး အခုလို အခြေအနေမျိုးမှာ ဘာမှ ထုတ်မပြောချင် သေးပေမယ့် မေးမြန်းချက် တွေကို မစ္စတာ ဖိုင်ဇယ်က ပြန်လည် ဖြေကြားပြီး ကျွန်တော်တို့အတွက် အရေးပါတဲ့ အချက်အလက် တွေ ပြောပြခဲ့ပါတယ်လို့ ရှေ့နေချုပ် အဲရစ် ဟိုးလ်ဒါးက ဆိုသွားခဲ့ပါတယ်။

ဖိုင်ဆယ် ရှာဇက်ဟာ ဗုံးဖောက်ခွဲဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ပါကစ္စတန် တောင်တန်း ဒေသ ဖြစ်တဲ့ ဝါဇစ်ရစ်စတန်မှာ ဖောက်ခွဲရေး သင်တန်းတွေ တက်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြောင်း တရားလိုဖက်က ရုံးထုတ် စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

မစ္စတာ ရှာဇက်ကို တနေ့ညက ဒူဘိုင်းကိုထွက်ခွာဖို့ လေယာဉ်ပေါ်အတက် နယူးယောက် လေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။