နောက်ဆုံး ရေးသားချိန် 6 မေလ 2010 - 01:12 GMT

ပါတီတခုတည်း မဲအများစုနဲ့ နိုင်မှာမဟုတ်လို့ ခန့်မှန်း

ဗြိတိန် ပါတီကြီး သုံးခုက ခေါင်းဆောင် သုံးယောက်

ဒီကနေ့ ကြာသပတေးနေ့မှာ ကျင်းပမယ့် ဗြိတိန် ရွေးကောက်ပွဲ မတိုင်ခင် တလကြာ ဆောင်ရွက်ခဲ့တဲ့ မဲဆွယ်ပွဲတွေ ပြီးဆုံးသွားပါပြီ။

အဓိက အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီက လက်ရှိအာဏာရ လေဘာပါတီနဲ့ တတိယအကြီးဆုံးဖြစ်တဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီ တို့ရဲ့ ရှေ့က ပြေးနေပေမယ့် ဘယ်ပါတီကမှ ပါလီမန်မှာ မဲအများစုနဲ့ အနိုင်ရမှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုရဲ့ သဘောထား စစ်တမ်း ကောက်ယူမှုတွေ အရ သိရပါတယ်။

ဒါ့အပြင် လူအများစုဟာ ဘယ်ပါတီကို မဲပေးရမလဲဆိုတာ ဆုံးဖြတ်ဖို့ မပြတ်မသား ဖြစ်နေတာကြောင့် ပါတီကြီး သုံးခုက ခေါင်းဆောင်တွေဟာ သူတို့ပါတီတွေ မဲအသာရဖို့ မနေ့ကထိ နောက်ဆုံးအနေနဲ့ မဲဆွယ် ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။