နောက်ဆုံး ရေးသားချိန် 11 ဧပြီလ 2010 - 14:25 GMT

သမ္မတ ကာချင်စကီရဲ့ ရုပ်အလောင်း ပိုလန်နိုင်ငံကို ရောက်ရှိ

Polish soldiers carry coffin of President

သေဆုံးသွားသူတွေ အတွက် ဝမ်းနည်းခြင်း ပိုလန်နိုင်ငံတဝန်း နှစ်မိနစ်ငြိမ်သက်ခဲ့

ရုရှားနိုင်ငံအနောက်ဘက်ပိုင်းမှာ မနေ့က လေယာဉ်ပျက်ကျလို့ သေဆုံးသွားသူ ပိုလန်သမ္မတ လက်ချ် ကာချင်စကီရဲ့ ရုပ်အလောင်းကို ပိုလန်နိုင်ငံကို ပြန်လည် သယ်ဆောင်လာပြီ ဖြစ်ပါတယ်။

သေဆုံးသွားသူ သမ္မတနဲ့ စစ်ဖက်ခေါင်းဆောင် နိုင်ငံရေးခေါင်းဆောင်တွေ အတွက် ဝမ်းနည်း ခြင်း အထိမ်းအမှတ်အဖြစ် ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီတိတိမှာ ပိုလန်နိုင်ငံတဝန်း နှစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

စောစောပိုင်းမှာတော့ ဘုရားကျောင်းတွေမှာ ခေါင်းလောင်းတွေတီးကာ တမိနစ်ကြာ ဥသြဆွဲ ခဲ့ကြပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေမှာလည်း အထူးဝမ်းနည်းခြင်း အခမ်းအနားတွေ ကျင်းပ နေကြပါတယ်။

နိုင်ငံတော် ဝမ်းနည်းပူဆွေးခြင်း အဖြစ် တပတ်ကြာ ကြေညာထားပြီး ဒီအချိန်အတွင်း ကျင်းပဖို့ ရှိတဲ့ အားကစားနဲ့ တခြားလူမှုရေး အခမ်းအနားပွဲတွေကို ဖျက်သိမ်းထားပါတယ်။

ဝန်ကြီးချုပ် ဒေါ်နယ်တက်စ်ခ်ရဲ့ အမေရိကန်နဲ့ ကနေဒါခရီးစဉ်ကိုလည်း ရွှေ့ဆိုင်းထား ပါတယ်။

ဆမိုလ်လန့်စ်ခ် မြို့အနီး လေယာဉ်ပျက်ကျရာနေရာမှာ သေဆုံးသူ ၉၆ ဦးအတွက် ကျင်းပတဲ့ ဝမ်းနည်းခြင်းအခမ်းအနားကို ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင် တက်ရောက်ခဲ့ပါတယ်။

မစ္စတာ ပူတင်ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူကာ ဒီဖြစ်ရပ်ကို စုံးစမ်း သွားမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။