နောက်ဆုံး ရေးသားချိန် 6 ဧပြီလ 2010 - 01:05 GMT

ရွေးကောက်ပွဲ ကျင်းပမယ့်ရက် ကြေညာတော့မယ်

brown

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း

ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းဟာ လာမယ့် မေလ ၆ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ် ထားတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

ရွေးကောက်ပွဲရက်ကို တရားဝင် မကြေညာခင်နဲ့ စည်းရုံးလှုပ်ရှားမှုတွေ မစခင် ပါလီမန်ကို ဖျက်သိမ်းဖို့ ဒီနေ့ အင်္ဂါနေ့မှာ မစ္စတာဘရောင်းက အဲလစ်စဘတ် ဘုရင်မကြီး ထံမှာ ခွင့်ပြုချက် တောင်းခံ ပါလိမ့်မယ်။

ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုကြောင့် အခွန်တိုးမြှင့် ကောက်ခံရေးနဲ့ အသုံးစရိတ် လျော့ချရေး အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ လက်ရှိ အာဏာရ လေဘာပါတီဟာ လေးကြိမ်မြောက် ဆက်တိုက် အနိုင်ရဖို့အတွက် အခု ရွေးကောက်ပွဲမှာ ကြိုးစားတာကို သမိုင်းမှာ ပထမဆုံး အကြိမ် မြင်တွေ့ရပါလိမ့်မယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

အဓိက အတိုက်အခံဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီ အနိုင်ရဖို့ အတွက်ဆိုရင် နှစ်ခြောက်ဆယ်အတွင်း မဲပေးသူတွေက တခဲနက် ပြောင်းလဲ ထောက်ခံမှု ပေးမှသာ လွှတ်တော်မှာ အမတ် အများစုနဲ့ အာဏာရနိုင်မှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။