နောက်ဆုံး ရေးသားချိန် 5 ဧပြီလ 2010 - 01:53 GMT

တောင်ကိုရီးယား ရေနံတင်သင်္ဘော ပင်လယ်ဓါးပြ ဖမ်းဆီးသိမ်းပိုက်

Oil tanker

ရေနံတင် သင်္ဘောတစင်း

သင်္ဘောသား ၂၄ယောက်ပါတဲ့ တောင်ကိုရီးယားပိုင် ရေနံတင် သင်္ဘောတစင်း ဟာ ဆိုမာလီကမ်းလွန် ရေပြင်မှာ ပင်လယ်ဓါးပြတွေ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။

ကုန်တန်ချိန် သုံးသိန်းလောက် တင်ဆောင်နိုင်တဲ့ ဒီသင်္ဘောဟာ အီရတ်ကနေ အမေရိကန်ပြည်ထောင်စု အသွားမှာ တနင်္ဂနွေနေ့က ဓမြတိုက်ခံလိုက်ရတာလို့ သိရပါတယ်။

အဲဒီအချိန်မှာ သင်္ဘောပေါ်မှာ ကုန်အပြည့်ပါ မပါ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တောင်ကိုရီးယား အစိုးရက အရေးပေါ် အစည်းအဝေး ခေါ်ယူ ကျင်းပနေတယ်လို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။