နောက်ဆုံး ရေးသားချိန် 4 မတ်လ 2010 - 23:28 GMT

မြန်မာ အမျိုးသမီးတွေ အပေါ် ကျူးလွန်မှု အတွင်းရေးမှူးချုပ် စိတ်ဆိုး

အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

မတ်လ ၂ရက်နေ့က နိုဘဲလ်ငြိမ်းချမ်း ရေးဆုရှင်များနဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံတို့ ကကြီးမှူးပြီး မြန်မာ စစ်တပ်ရဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်မှု တွေကို စစ်ဆေးကြားနာခဲ့ပါတယ်။

အဲဒီတွေ့ရှိချက်တွေကို ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်ထံတင်ပြရာမှာ အခုလို အဖြစ်တွေ ကြားသိရလို့ အလွန် ဒေါသ ဖြစ်မိတယ်လို့ အတွင်းရေးမှူးချုပ် ကအမျိုးသမီး ကိုယ်စားလှယ် တွေကို ပြောပါတယ်။

မြန်မာအမျိုးသမီး တွေအပေါ်ကျူးလွန် စော်ကားမှု တွေ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်နေပြီး စစ်အစိုးရကလည်း အရေးယူ ဖို့ ပျက်ကွက်နေတဲ့ အတွက်၊ ဒါဟာ ကုလသမဂ္ဂဆုံးဖြတ် ချက် ၁၈၂၀ အရ လိင်ပိုင်း ဆိုင်ရာ ချိုးဖေါက်မှုနဲ့အတူ အမျိုးသမီး တွေအပေါ် အကြမ်းဖက်တာတွေ ပပျောက်အောင် အစိုးရတွေက လုပ်ဖို့ တာဝန်ရှိတယ် ဆိုတာကို ချိုးဖေါက်ရာ ရောက်တယ် လို့ သွားရောက်တွေ့ဆုံတဲ့ အမျိုးသမီးများ အဖွဲ့ချုပ်မှ ဒေါ်သင်းသင်း အောင် ကဘီဘီစီကို ပြောပြပါတယ်။

ဒါကြောင့် ဒီပြဿနာကို လုံခြုံရေး ကောင်စီ အထိ တင်ပြပေးဖို့ အတွင်း ရေးမှူးချုပ်ကို တောင်းဆိုခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်က လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကို ရှင်းပြမှာ ဖြစ်သလို မြန်မာ မိတ်ဆွေများအဖွဲ့ အစည်း အဝေးလည်း ခေါ်ယူ တင်ပြမယ်လို့ တုံ့ပြန် ဖြေကြားသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။