နောက်ဆုံး ရေးသားချိန် 2 မတ်လ 2010 - 17:17 GMT

စျေးကွက် ထဲ မြန်မာ့ဆန် ထိုး ဖောက်နိုင်မလား

လာမယ့် ငါးနှစ် အတွင်းအာဆီယံ နိုင်ငံ တွေ ကြား အကောက်ခွန်မဲ့ ကုန်သွယ်မှု ပြုလုပ်ဖို့ သဘောတူထားတဲ့ အတွက် ဒေသတွင်း နိုင်ငံ တွေရဲ့ အခြေခံ စိုက်ပျိုးကုန် ဆန် ရဲ့ စျေးကွက် ပြိုင်ဆိုင်မှု၊ လယ်သမားတွေ နစ်နာ နိုင်မှု တို့နဲ့ ပတ်သက်ပြီး ထည့်သွင်း စဉ်းစား လာရပါတယ်။

Rice fields

မြန်မာ့ ဆန်တွေ စျေးကွက် မှာ နေရာယူလာနိုင်

မကြာသေးခင်က ပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန် လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ တွေ ဆွေးနွေးခဲ့ကြရာမှာ မြန်မာ နိုင်ငံ က ဆန်ထုတ်လုပ်မှု တိုးတက် လာတာနဲ့ အမျှ စျေးကွက် ထဲမှာ ထိုးဖောက်လာနိုင်တဲ့ အနေအထား ဖြစ်လာ နိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။


အဲဒီအခါ ဆန်စျေး ကြီးတဲ့ ထိုင်းနိုင်ငံ ထဲကို အိမ်နီး ချင်းနိုင်ငံတွေ ဆီက စျေးသက်သာတဲ့ဆန်တွေ ဝင်ရောက်လာနိုင်သလို စျေး ကွက်ထဲမှာ ယှဉ်ပြိုင်မှုတွေ ဖြစ်လာ ရင် အထူးသဖြင့် တောင်သူတွေ အဓိက နစ်နာ နိုင်တာ ကို ထိုင်းနိုင်ငံ ဘက်က စိုးရိမ် နေပါတယ်။

ဒါကြောင့် အစိုးရက ဆန်အမျိုးအစား ကန့်သတ်မှု တွေလုပ်ဖို့ ပြင်ဆင်နေတယ် လို့ ထိုင်းဆန်တင်ပို့သူများအသင်း ဥက္ကဌ မစ်ကော့ပ်စွတ်က် အီယမ်စူရီးက ဘီဘီစီကိုပြောပါတယ်။

အဲဒီအစီအစဉ် အရ စပါး နဲ့ ဆန် ကို တင်သွင်း ခွင့်မပြု ပဲ ဆန်ကွဲ ကိုသာ တင်သွင်းခွင့်ပြုမယ်၊ တင်သွင်းလိုတဲ့ ကုမ္ပဏီတွေကို မှတ်ပုံ တင်ခိုင်းမယ် စတဲ့ ကန့်သတ်ချက်တွေနဲ့ ထိုင်း လယ်သမား တွေကို ကာကွယ် ပေးဖို့ အစိုးရက ဥပဒေရေးဆွဲ နေပြီလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ကတော့ တချိန်က ကမ္ဘာမှာ ပြည်ပကို ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ် သလို ပြီးခဲ့တဲ့ နှစ်က ဆန်ထုတ်လုပ်မှု အနေအထားကို ကြည့်ရင် အနာဂတ်မှာ ဆန်ထုတ်လုပ်မှု ပိုးများလာနိုင်ပြီး ဆန်စျေးကွက်မှာ လည်း အသာစီးရလာ နိုင်ပါတယ်။

ဒါကြောင့် ဆန်အများဆုံးထုတ်လုပ်တဲ့ အာဆီယံ နိုင်ငံတွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြ ဖို့ လိုအပ် လိမ့်မယ်လို့ ထိုင်းဆန်တင်ပို့ သူများအသင်း ဥက္ကဌက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်သူများ အသင်းက တာဝန်ရှိသူ တစ်ယောက် ကတော့ အကောက်အခွန်မဲ့ ကုန်သွယ်မှုကြောင့် မြန်မာ့ဆန်တွေ ပြည်ပ စျေးကွက်ထဲ ပိုးမိုတိုးလာနိုင် မယ်လို့ မျှော်လင့် တဲ့ အကြောင်း ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။