
ဂီနီ စစ်တပ်ရဲ့ လုပ်ရပ်ကို နိုင်ငံတကာ တရားရုံးက စုံစမ်း စစ်ဆေး ခဲ့တာပါ
နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှု အရ၊ မနှစ်တုန်းက ဂီနီနိုင်ငံမှာ အတိုက်အခံ ထောက်ခံသူတွေကို စစ်တပ်က သတ်ဖြတ်ခဲ့တာဟာ လူသား မျိုးနွယ်အပေါ် ဖောက်ဖျက်ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဂီနီမြို့တော် ကိုနာကရီ (Conakry) ကိုသုံးရက်ကြာ ခရီးသွားရောက်ခဲ့ပြီးတဲ့နောက် နိုင်ငံတကာတရားရုံးရဲ့ ဒုတိယ အမှုလိုက်ရှေ့နေ Fatou Bansouda က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့ သူကပြောပါတယ်။
ယူနီဖောင်း ဝတ်ထားတဲ့သူတွေက ဒဏ်ရာ အနာတရ ဖြစ်နေတဲ့ အရပ်သားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
၂၀၀၉ ခုနှစ် စက်တင်ဘာလတုန်းက ကိုနာကရီမြို့ရဲ့ အကြီးဆုံးအားကစားကွင်းထဲမှာ အတိုက်အခံ ဆန္ဒပြမှု တခု ဖြစ်ပွားစဉ် လူ ၁၅၀ ကျော် အသတ်ခံ ခဲ့ရတာ ဖြစ်ပါတယ်။

