အနီးကပ် မြင်ခဲ့ရတဲ့ ကြယ်တံခွန်တွေ

7 ဩဂုတ် 2014 17:19 GMT နောက်ဆုံး ရေးသားသည်။

67P ဟာ အနီးကပ်ဆုံး လေ့လာနိုင်တဲ့ ကြယ်တခွန်တခုကို ဖြစ်လာ၊ အရင်ကလည်း နီးနီးကပ်ကပ် မြင်တွေ့ခဲ့ဖူးတဲ့ ကြယ်တံခွန် ၅ ခု ရှိခဲ့
67P/Churyumov–Gerasimenko ကြယ်တံခွန်ကို ရိုဆက်တာ အာကာသယာဉ်က ၁၀ နှစ်တာ လိုက်လံနေခဲ့ရာကနေ အခုတော့ အဲဒီ ကြယ်တံခွန်ကို လှည့်ပတ် လိုက်ပါသွားပါပြီ။ ဒါ့ကြောင့် သမိုင်းတလျှောက်မှာ ကြယ်တခွန်တခုကို အနီးကပ်ဆုံး လေ့လာနိုင်မှု ဖြစ်လာပါတယ်။ အရင်ကလည်း ခုလောက် မနီးပေမယ့် အတော်လေး နီးနီးကပ်ကပ် မြင်တွေ့ခဲ့ဖူးတဲ့ ကြယ်တံခွန် ၅ ခု ရှိခဲ့ပါတယ်။
၁၉၈၆ ခု၊ မတ်လမှာ နာမည်ကျော် ဟယ်လီ ကြယ်တံခွန် 1P / Halley ကို မြင်တွေ့ခဲ့ရစဉ်။ ၁၆ ကီလိုမီတာ အလျားရှိတဲ့ ဟယ်လီ ကြယ်တံခွန်ကို ၆၀၀ ကီလိုမီတာ အနီးကနေ Esa's Giotto အာကာသယာဉ်က ဖြတ်သွားစဉ် ရိုက်ယူခဲ့။
ကမ္ဘာ့သမိုင်း တလျှောက်မှာ ဟယ်လီ ကြယ်တံခွန်ကို ၇၆ နှစ်မှာ တကြိမ် ပုံမှန် တွေ့မြင်နေခဲ့။ ၁၉၁၀ ခုနှစ်က ဖြတ်သွားတဲ့ ဟေလီ ကြယ်တခွန်ကို ပီရူးနိုင်ငံကနေ ဓာတ်ပုံ ရိုက်ယူခဲ့စဉ်။
၂၀၀၁ ခုနှစ်မှာ Deep Space 1 အာကာသယာဉ်က ရိုက်ယူနိုင်ခဲ့တဲ့ 19P / Borrelly ကြယ်တခွန်ရဲ့ ပုံရိပ်အချို့။ အနီးဆုံး ပုံရိပ်ဖြစ်တဲ့ ညာအစွန်က ပုံကို ကီလိုမီတာ ၃၀၀၀ အကွာကနေ ရိုက်ယူခဲ့။
၂၀၀၄ ဇန်နဝါရီမှာ Stardust အာကာသယာဉ်က ကီလိုမီတာ ၅၀၀ အကွာကနေ ရိုက်ယူခဲ့တဲ့ 81P / Wild ကြယ်တံခွန်ရဲ့ ပုံရိပ်။
၂၀၀၅ ဇူလိုင်မှာ Deep Impact မစ်ရှင်ကနေ ရရှိခဲ့တဲ့ 9P/Tempel ကြယ်တခွန်ရဲ့ ဓာတ်ပုံ။
9P/Tempel ကြယ်တခွန်ရဲ့ မျက်နှာပြင် အနီးကပ် ပုံရိပ်။ Deep Impact မူလ အာကာသ ယဉ်ကနေ ကြယ်တံခွန် မျက်နှာပြင်ပေါ် တမင် ထိုးချတဲ့ ယာဉ်ငယ်ကနေ ရိုက်ယူပေးခဲ့။
၂၀၁၂ မှာ နောက်တကျော့ ပြန်လာတဲ့ 9P/Tempel ကြယ်တံခွန်ရဲ့ ပုံရိပ်တွေ။ ပြန်လည် မွမ်းမံထားတဲ့ Stardust ယာဉ်ကနေ ရိုက်ယူခဲ့။ ဒီကြယ်တံခွန်မှာ ရေရှိတဲ့ အထောက်အထားကို တွေ့ရှိခဲ့။
၂၀၁၀ နိုဝင်ဘာမှာ Deep Impact ယာဉ်က ၇၀၀ ကီလိုမီတာကနေ ဖြတ်သွားစဉ် ရိုက်ယူခဲ့တဲ့ 103P / Hartley ကြယ်တံခွန်ရဲ့ ပုံရိပ်တွေ။ အနီးကပ် မြင်ခဲ့ရတဲ့ ၅ ခု မြောက် ကြယ်တံခွန်ဖြစ်။
အခုနောက်ဆုံးအနေနဲ့ ၆ ခုမြောက် ကြယ်တံခွန် 67P/Churyumov–Gerasimenko ကို အနီးကပ်ဆုံး မြင်ရစဉ်။ သူ့ကို လှည့်ပတ် လိုက်ပါသွားနိုင်ပြီဖြစ်တဲ့ ရိုဆက်တာ ယာဉ်ကနေ နောက်ဆုံး ရိုက်ကူး ပေးပို့ခဲ့။