သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂါဇာမှာ ၃ ရက် အပစ်ရပ် စတင်တဲ့ နေ့ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်း

5 ဩဂုတ် 2014 17:58 GMT နောက်ဆုံး ရေးသားသည်။

ဂါဇာမှာ ၃ ရက်ကြာ အပစ်ရပ်စဲရေး ပထမဆုံးနေ့မှာပဲ အစ္စရေး တပ်တွေကို ပြန်ရုပ်သိမ်းနေပါတယ်။ အီဂျစ်က ကြားဝင် စေ့စပ် ပေးခဲ့တာဖြစ်ပြီး ရေရှည် အပစ်ရပ်နိုင်ဖို့ ဆွေးနွေးသွား ဖို့လည်းမျှော်လင့်နေပါတယ်။ အစ္စရေးဘက်က လည်း ကိုယ်စားလှယ်အဖွဲ့တခုကို ကိုင်ရိုမြို့ကို စေလွှတ်သွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ပါလက်စတိုင်းကိုယ်စားလှယ်တွေကတော့ ကိုင်ရိုမြို့မှာ ရောက်ရှိနေပြီးဖြစ်ပါတယ်။ အဲဒီက အခြေအနေတွေကိုကိုကျော်စွာ ဆက်ပြီး ပြောပြပေးပါလိမ့်မယ်။