သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းအတိုက်အခံ အဖွဲ့ တည်ထောင်

24 ဇွန် 2014 18:13 GMT နောက်ဆုံး ရေးသားသည်။

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ အုပ်ချုပ်ရေး ပြန်ရောက်လာနိုင်ဖို့အတွက်ထိုင်းစစ်အစိုးရကို မကျေနပ်ကြတဲ့ အတိုက်အခံတွေက ပြည်ပမှာ အဖွဲ့အစည်း တခုကို တည်ထောင်လိုက်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁ လလောက်က အာဏာသိမ်းထားတဲ့ထိုင်းစစ်အစိုးရကို ပထမဆုံးအကြိမ် အသင်းအဖွဲ့နဲ့ ဆန့်ကျင်လိုက်တာပဲဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ စစ်တပ်က သူတို့ကို ဆန့်ကျင်မှု မှန်သမျှကို လိုက်ထိန်းချုပ်နေပါတယ်။ မရီရီအောင်က ပြောပြပေးမှာပါ။