သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူကရိန်းမှာ တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ရှိ

23 မေ 2014 16:12 GMT နောက်ဆုံး ရေးသားသည်။

ယူကရိန်းမှာ လာမယ့် တနင်္ဂနွေနေ့ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ရှိပါတယ်။ သမ္မတလောင်း ၁၈ ယောက်ပြိုင်ကြမှာ ဖြစ်ပြီး ဘီလျံနာ ပက်ထရို ပိုရို ချန်ကို နဲ့ အရင် ဝန်ကြီးချုပ် ဟောင်း ယူလီယာ တီမိုရှန်ကို တို့ ရေပန်း စား နေပါတယ်။

နိုင်ငံအရှေ့ပိုင်းမှာ မတည်ငြိမ် ဖြစ်နေပေမယ့် အဲဒီမှာလည်း ရွေးကောက်ပွဲကျင်းပ သွား ဖို့ လုပ်နေပြီး အနောက်အုပ်စုနဲ့ ရုရှားကပါ အသိအမှတ် ပြုရတဲ့ ရွေးကောက်ခံရတဲ့ အစိုးရ တခု ဖွဲ့စည်း နိုင်ဖို့ မျှော်လင့် နေတာပါ။

အခု အစိုးရတက်လာ တဲ့ အထိ ဖြစ်ခဲ့တဲ့ လူထု လှုပ်ရှားမှုတွေ စခဲ့ရာ လဗိ မြို့မှာ တော့ ဒေသခံတွေက တည်ငြိမ်ဖို့နဲ့ ညီညွတ်ကြဖို့ကို မျှော်လင့် နေကြပါတယ်။ ယူကရိန်းက အခြေအနေတွေကိုတော့ မသီဒါနွယ် က တင်ဆက်ပေးမှာပါ။