မိုဘီဂျီနို နဲ့ ကချင်စစ်သား

  • 21 ဧပြီ 2014

မိုဘီဂျီနို အစီအစဉ်ကနေ ကြိုဆိုပါတယ်။

MobiGeno, Laphai Sin War Naw
လဖိုင် ဆင်ဝါးနော်

ဒီတစ်ပတ်မှာတော့ ....

အမေရိကန်စစ်တပ်ထဲက စစ်မှုထမ်းနေတဲ့ ကချင်လူငယ်တစ်ဦးအကြောင်း တင်ဆက်ပေးထားပါတယ်။

အသက် ၂၈ နှစ်အရွယ် လဖိုင်ဆင်ဝါးနော်ဟာ မြန်မာပြည်မှာကတည်းက စစ်သားဖြစ်ချင်တဲ့ သူ့ရည်မှန်းချက်ကို အမေရိကန်ရောက်မှ အကောင်အထည်ဖော်နိုင်တာလို့ ဆိုပါတယ်။

ဒါပေမယ့် သူဟာ မြန်မာပြည်ကို ပြန်ပြီး စစ်မှုပြန်ထမ်းဖို့ စိတ်ကူးက ရှိနေဆဲလို့ ပြောပါတယ်။

အစီအစဉ်ကို နားဆင်ရန်

မိုဘီ ဂျီနို

မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ်လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်းအရာတွေ တင်ဆက်ပေးနေပါတယ်။

ဒီကဏ္ဍနဲ့ ပတ် သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ကြပါတယ်။

အီးမေးလ်နဲ့ဆိုရင် burmese@bbc.co.uk ဒါမှမဟုတ်bbcburmese@gmail.comဆီကို ဆက်သွယ်နိုင်သလို BBC Burmese Facebook ရဲ့ ‘Message’ ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ကြပါတယ်။

ကို ရေးသားပေးပို့နိုင်ကြပါတယ်။

မိုဘီဂျီနို ထုတ်လွှင့်ချိန်

မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။

အခုအခါ ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဥ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။