အောက်က အသံဖိုင်ကို ဒေါင်းလုပ် လုပ်ပါ

အရည်အသွေးမြင့် mp3 (20 Mb)

အိုးအိမ် ပြဿနာ အဖြေရှာ

5 ဧပြီ 2014 14:59 GMT နောက်ဆုံး ရေးသားသည်။

ရန်ကုန် မန္တလေး မြို့ကြီးတွေနဲ့ အနီးအနား ဝန်းကျင်မှာ ကျေးရွာ ရွှေ့ပြောင်းခိုင်းတာတွေ ရှိသလို ကျူးကျော်အိမ်ရာတွေ မောင်းထုတ် ဖြိုဖျက် ခံကြရတာတွေကိုလည်း မကြာခဏ ကြားနေကြရပါတယ်။

ဒါ့အပြင် အိုးအိမ်မြေယာ မဝယ်နိုင်ကြလို့ အခက်ကြုံနေကြသူတွေ ၊ အိမ်ငှားခ၊ အခန်းငှားခ စျေးကြီးလို့ ရုန်းကန်လှုပ်ရှားကြရသူတွေလည်း အများအပြား ရှိနေကြပါတယ်။

အိမ်ပိုင်မြေပိုင်မရှိလို့ လုံခြုံငြိမ်းချမ်းမှု မရှိတဲ့ ဘဝတွေ ဘယ်လောက်များပြားနေပြီလဲ။

လူအများအပြားမှာ နေရေးထိုင်ရေး အခက်အခဲရှိနေပြီဆိုရင် အုပ်ချုပ်သူ အစိုးရက စီမံဆောင်ရွက် မပေးသင့်ဘူးလား။

သောတရှင်တို့နဲ့ အတူ အမျိုးသားလွှတ်တော် အမတ် ဉီးဖုန်းမြင့်အောင်၊ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဉီးမင်းလွင်ဉီးတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။