BBC navigation

ခရိုင်းမီးယားပါလီမန် လွတ်လပ်ရေးကြေငြာ

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2014 - 16:10 GMT

မီဒီယာ ပလေးယား

ခရိုင်းမီးယားကျွန်းဆွယ်ဒေသဟာ ယူကရိန်းက ခွဲထွက်ပြီး ရရှားနဲ့ ပူးပေါင်းဖို့ ဆန္ဒခံယူပွဲလုပ်ပြီး အတည်ပြု

ကြည့်ရန်mp4

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ခရိုင်းမီးယားဒေသဟာ ယူကရိန်းကနေ ခွဲထွက်လိုက်ပြီလို့ ခရိုင်းမီးယားပါလီမန်က ကြေငြာလိုက်ပါတယ်။

တနင်္ဂနွေနေ့တုန်းက ခရိုင်းမီးယားဒေသမှာ ကျင်းပတဲ့ လူထုဆန္ဒခံယူပွဲမှာ ရရှားနဲ့ တပြည်ထောင်တဲ့ ပေါင်းဖို့ လူတွေက မဲပေးခဲ့ကြပါတယ်။ ဒီအပေါ် တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းကြားဖြတ်အစိုးရက သူ့ရဲ့တပ်တချို့ကို ဖြန့်ချ ထားလိုက်ပါတယ်။

ဥရောပသမဂ္ဂ အီးယူကလည်း လူထုဆန္ဒခံယူပွဲမှာ အဓိကတာဝန်ရှိတဲ့ ရရှားနဲ့ ယူကရိန်းအရာရှိ ၂၁ ဦးအပေါ် ဗီဇာပိတ်ပင်မှုနဲ့ သူတို့ ပိုင်ဆိုင်မှုတွေ ထိန်းသိမ်းဖို့အတွက် သဘောတူလိုက်ကြပါတယ်။

ယူကရိန်း၊ အမေရိကန်နဲ့ အီးယူတို့က ဒီဆန္ဒခံယူပွဲက တရားမဝင်ဘူးလို့ ပြောနေပြီး ရရှားကတော့ ဒါဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီတယ်လို့ ဆိုနေပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။