အာရှ တိရစ္ဆာန်တွေ မျိုးတုံးမယ့် အန္တရာယ်

13 ဖေဖော်ဝါရီ 2014 17:17 GMT နောက်ဆုံး ရေးသားသည်။

ရှားပါးတိရစ္ဆာန်တွေကို တရားမဝင် ရောင်းဝယ်မှုနဲ့ ပတ်သက်ပြီး ဓာတ်ပုံဆရာ Patrick Brown က ၁၀ နှစ်ကြာ လေ့လာ မှတ်တမ်းတင်ထား
ရှားပါး တိရစ္ဆာန်တွေ တရားမဝင် ရောင်းဝယ်မှုကို တားဆီးနိုင်ဖို့ နိုင်ငံတကာ ညီလာခံတစ်ခုကို ယူကေ အစိုးရက လက်ခံကျင်းပနေ။ (တိရစ္ဆာန် မှောင်ခိုသူတွေကို စောင့်ကြည့်ဖို့ နီပေါ ဘုရင့်တပ်သားအချို့ Royal Chitwan National Park မှာ ကင်းလှည့်စဉ်။)
၂၀၁၂ တစ်နှစ်တည်းမှာ ကမ္ဘာအနှံ့ ဆင်ကောင်ရေ ၂၂၀၀၀ ကျော် ဆင်စွယ်အတွက် သတ်ဖြတ်ခံခဲ့ရ။ (ထိုင်းမြန်မာ နယ်စပ် သစ်ထုတ်လုပ်ငန်းတစ်ခုမှာ ခိုင်းစေ အသုံးပြုတဲ့ ဆင်တွေ စခန်းကို ပြန်လာစဉ်။)
တချို့ တိရစ္ဆာန်တွေကတော့ ဆေးဝါးအတွက် သို့မဟုတ် အဆောင်အတွက် သတ်ဖြတ်ခံကြရ။ (အိန္ဒိယနိုင်ငံ Kaziranga National Park က တောစောင့် ဝန်ထမ်းတွေ ကင်းလှည့်စဉ်။)
ဓာတ်ပုံဆရာ Patrick Brown ဟာ အာရှက ရှားပါးတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု အကြောင်းကို ၁၀ နှစ်ကြာ လေ့လာ မှတ်တမ်းယူခဲ့။ (ဗီယက်နမ် ကမ်းခြေမြို့ Phan Thiet က တရုတ်ဆေးဆိုင် တစ်ဆိုင်မှာ အဆာသွတ်ထားတဲ့ ကျားသေတစ်ကောင်။)
ထိုင်း မြန်မာ နယ်စပ် Thakhilek မြို့က ဆိုင်တစ်ဆိုင်မှာ တိရစ္ဆာန်ထွက် ပစ္စည်းတွေကို ရောင်းချနေစဉ်။
တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုမှာ အဓိကကျတဲ့ အိန္ဒိယနဲ့ နီပေါ နယ်စပ်က လမ်းကြောင်း။
သင်းခွေချပ်တွေကို တရားမဝင် တင်ဆောင်လာတဲ့ သင်္ဘောကို ထိုင်းအစိုးရက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့။
သင်းခွေချပ်တွေကို လျှို့ဝှက် ထည့်သွင်းလာတဲ့ သေတ္တာတွေ။ (သင်းခွေချပ်ကို ဆေးဝါးဖြစ် စားကောင်းသောက်ဖွယ် အနေနဲ့ အာရှတလွှား တန်ဖိုးကြီးကြီး ရောင်းဝယ်ကြ။)
ကမ္ဘောဒီးယား နိုင်ငံ Bokor National Park မှာ ဖမ်းမိတဲ့ တိရစ္ဆာန် မှောင်ခိုသူ တစ်ဦး။
တရုတ်နိုင်ငံ ဂွမ်ဒေါင်းမြို့က အဆင့်မြင့် ဟိုတယ်တစ်ခုရဲ့ စားဖိုဆောင်မှာ မိကျောင်း အရှင်တစ်ကောင်ကို ဆွဲလာစဉ်။ ဖောက်သည်တွေအတွက် နေ့လည်စာ မိကျောင်းသားကို ချက်ပြုတ်ပေး။