သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆွေးနွေးပွဲလုပ်ပေမယ့် ဆီးရီးယားတွေ ဒုက္ခရောက်ဆဲ

10 ဖေဖော်ဝါရီ 2014 16:00 GMT နောက်ဆုံး ရေးသားသည်။

ဂျနီဗာမြို့မှာ ဆီးရီးယား အရေး ဒုတိယအကြော့ ဆွေးနွေးပွဲတွေ စနေပါပြီ။ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် လက်တာ ဘရာဟီးမီးက အတိုက်အခံတွေနဲ့ အရင်တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။

အရင်လက ပထမအကြော့ ဆွေးနွေးပွဲတွေမှာ တိုက်ပွဲတွေအဆုံးသတ်ဖို့အတွက် ခိုင်မာတဲ့ သဘောတူညီချက် မရခဲ့ပဲ ပြီးဆုံး ခဲ့ရပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ကြောင့် ပိတ်မိနေကြတဲ့ ဟွမ်းစ်မြို့က အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့ စီစဉ် နိုင်ခဲ့ကြပါတယ်။

နှစ်ဘက်စလုံးကတော့ အပစ်ရပ်ထားတာကို နောက်ထပ် ၃ ရက်ထပ်တိုးပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမယ့် အခုလို အပစ်ရပ်ထားတာကို မသိသူတွေလည်း ရှိနေသေးတာ တွေ့ရပါတယ်။