ဒေါင်းလုပ် ရွေးစရာများထဲမှ ရွေးချယ်ပါ

အရည်အသွေးမြင့် mp4 (11.3 Mb)
ပုံမှန်အရည်အသွေး mp4 (2.4 Mb)

ဂျပန်အတွက် သဘာဝရဲ့ လက်ဆောင်

24 ဇန်နဝါရီ 2014 16:03 GMT နောက်ဆုံး ရေးသားသည်။

မြို့တော် တိုကျို ကနေ ကီလိုမီတာ ၁၀၀၀ လောက် အကွာမှာ ပင်လယ်ရေ အောက် မီးတောင် ပေါက်ကွဲရာ ကနေ ကျွန်းတကျွန်း ဖြစ်လာ ခဲ့ပါပြီ။ အစ ကတော့ အချိန်တို အတွင်းမှာ ပျောက်သွားမယ် မှန်းထား ပေမယ့် အခု ပိုပြီး ကြီးလာနေ ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၀ ရက်နေ့က ပစိဖိတ် သမုဒ္ဒရာ လှိုင်းလုံးတွေ အကြားက ကျွန်းငယ်လေး တခု ထွက်ပေါ် လာခဲ့ တာ ဖြစ်ပါတယ်။ အစပိုင်း မှာတော့ ဂျပန် သိပ္ပံ ပညာရှင်တွေ က ဒီကျွန်းငယ်ဟာ သိပ်မကြာခင် မှာပဲ ရေအောက်ကို ပြန်ရောက် ပျောက်သွား လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။

ဒါပေမယ့် ပေါက်ကွဲမှု တွေက ရပ် မသွားခဲ့ဘဲ ကျွန်းကလေး ကလည်း တဖြည်းဖြည်းနဲ့ ပို ပိုကြီး လာခဲ့ပါတယ်။ ဒီဇင်ဘာ လလယ် ရောက်တော့ ၃ ဆ လောက် ပိုကြီး လာပြီး အနီးက နီရှီနိုရှီးမား ကျွန်းနဲ့ ပိုပြီး ကပ်လာ ခဲ့ပါတယ်။