သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယက ခေတ်မီမြို့သစ်များ

15 ဇန်နဝါရီ 2014 18:24 GMT နောက်ဆုံး ရေးသားသည်။

ကမ္ဘာ့ လူဦးရေရဲ့ ထက်ဝက်လောက်ဟာ မြို့ပြတွေမှာ နေထိုင် ကြပါတယ်။ တဖြည်းဖြည်းနဲ့ ဒီအရေအတွက်ဟာ ပိုများ လာနေတာကြောင့် အကျပ်အတည်းတွေ ရှိလာ နေပါပြီ။

ကမ္ဘာ့ ဒုတိယ လူဦးရေအများဆုံး အိန္ဒိယ နိုင်ငံမှာတော့ မြို့ပြ သစ်တွေ တည်ဆောက်လို့ ဖြေရှင်း နေကြပါတယ်။ နိုင်ငံအနောက်ပိုင်းက မဟာရာစထရာ ပြည်နယ် က လဗာဆာမှာ ကမ္ဘာ့ အကြီးဆုံး မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။